ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံပြိုင်ပွဲ တက်ရောက်လာတဲ့ ဂျပန်ကိုယ်စားပြုအဖွဲ့ဝင် ၇ ဦးမှာ ကိုဗစ်ရောဂါတွေ့ရှိ 

Photo – AP

အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ်မှာ ဇူလိုင်လ ၁၅ရက်နေ့ကခ ကျင်းပခဲ့ပြီး  ဂျပန်ကိုယ်စားပြုတက်ရောက်လာတဲ့ မာရသွန်အသင်းမှာ COVID-19 ကူးစက်ခံထားရသူ ၇ ဦးကို တွေ့ရှိခဲ့တယ်လို့ ဇူလိုင်လ ၁၆ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ကူးဆက်ခံရတဲ့သူတွေထဲမှာ အားကစားသမား ၂ ဦး၊ အသင်းဝန်ထမ်း ၄ ဦးနဲ့ နည်းပြချုပ်တို့ ပါဝင်တယ်လို့ ဂျပန်ပြေးခုန်ပစ်အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ဒီချန်ပီယံရှစ်ပြိုင်ပွဲမှာ ပါဝင်ဖို့ လိုအပ်ချက်တစ်ခုအနေနဲ့ အားကစားသမားအားလုံး ကာကွယ်ဆေး အပြည့်အစုံထိုးပြီးပါပြီ၊ ဂျပန်ကိုယ်စားပြုအဖွဲ့အတွက်သာမက ချန်ပီယံပြိုင်ပွဲအတွက် တက်ရောက်နေတဲ့ အသင်းတွေအားလုံးအတွက်ပါ COVID-19 ပြန့်ပွားမှုကို တားဆီးဖို့ အဆင့်ဆင့်ဆောင်ရွက်နေပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ရှိတယ်လို့ စမ်းသပ်တွေ့ရှိသူတွေဟာ ၅ ရက်ကြာ သီးသန့်ခွဲနေရမှာဖြစ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ လမ်းညွှန်ချက်တွေကို ကိုးကားပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၆ရက်နေ့အစောပိုင်းက ဗြိတိန်အားကစားသမား Morgan Lake ဟာ Covid-19 ရောဂါပိုးတွေ့ရှိပြီးနောက် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး “အချိန်က ဆိုးရွားနေပါပြီ ကမ္ဘာ့ချန်ပီယံ သီတင်းပတ်မှာ ကိုဗစ်နဲ့ ထိတွေ့နေရတယ်” လို့ Twitter မှာ ရေးသားထားပါတယ်။

Covid-19 မျိုးကွဲအသစ်တွေပေါ်ထွက်လာတာကြောင့်  အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ကူးစက်မှု များလာတာဖြစ်ပါတယ်။ အိုရီဂွန်ပြည်နယ်ရဲ့ ၃၆ ခရိုင်အနက် ၂၁ ခရိုင်ဟာ အခုအခါ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ မြင့်မားနေတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက ပြောကြားထားတယ်လို့ သိရပါတယ်။