ထီးချိုင့်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇူလိုင် ၆ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ HPDF က ထုတ်ပြန်လိုက်ပါတယ်။
ဒေသခုခံကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇူလိူင်လ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ထီးချိုင့်မြို့နယ်၊ နေရောင်ပြအင်းအရှေ့ဘက်ကို ရောက်ရှိလာတဲ့စစ်ကြောင်းကို ရှေ့ထွက်မိုင်း ၂လုံး​ ဖောက်ခွဲပြီး လက်နက်ကြီး ၃ လုံးပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နယ်မြေရှင်းလင်းချိန်မှာ အကြမ်းဖက်စစ်တပ်တွေ ထောင်ထားတဲ့ ခြေနင်းမိုင်း ၂လုံး၊ ဆက်သွယ်ရေးစက် ၁လုံးနဲ့ ၄၀ မမကျည်တစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထီးချိုင့်မြို့နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေမှာ ဒေသကာကွယ်ရေးတပ်တွေဟာ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။