ကလေးမြို့မှာ ဆဲဗင်းဂျူလိုင်နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် မနေ့ကဇူလိုင်လ ၆ ရက်နေ့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ကလေးမြို့ ပင်မသပိတ်အင်အားစုမှ ဦးဆောင်ပြီး ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် “7 July စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြ” စာသားကို ကိုင်ဆောင်ပြီးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။
ပြည်သူတွေအနေနဲ့ အလံနှင့်အသံ ကြားရာအရပ်မှ လူထုသပိတ်တွေကို ပူးပေါင်းပါဝင်ပေးကြဖို့ အလေးအနက်တိုက်တွန်းထားပြီး ကလေးမြို့ လူထုသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိ သပိတ်မှောက်ခဲ့တာ (၅၁၅) ရက်ရှိနေပြီ ဖြစ်ပါတယ်။