ကျောက်မြောင်း ကျားကွက်သစ်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး နှစ်လုံးနဲ့ ဖောက်ခွဲခံရ

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မနေ့က ဇူလိုင်လ ၃ရက်နေ့မှာလက်ပစ်ဗုံး နှစ်လုံးဖြင့်ဖောက်ခွဲခဲ့ကြောင်း မြို့ပြပျောက်ကြားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဝိမုတ္တိ-လွတ်မြောက်ခြင်း သူပုန်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဝိမုတ္တိ-လွတ်မြောက်ခြင်း သူပုန်အဖွဲ့မှ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အတွက် မွေးနေ့လက်ဆောင်ပေးတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ထုတ်ပြန်ခဲ့တာပါ။
ဖောက်ခွဲမှုအတွင်း ရုံးအတွင်းရှိနေတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင် လူ (၆) ဦးခန့် ကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့တာဖြစ်ပြီး အနည်းဆုံး ၂ဦး ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
လူသေဆုံးမှု ရှိ မရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။