ကြံခင်းမြို့နယ်ထဲ မှာ ထိတွေ့တိုက်ပွဲဖြစ်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ထဲက မျှင်ဝါးတောင်ဒေသ ပိုးစုကြီး၊ စပါးအုံး စတဲ့ရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ဒေသခံအင်အားစုတွေအကြား မနေ့က ညပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။
“ ရိုးမဧရာစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်တာ ၊ညက စစ်ကြောင်းထိုးပြီး ဒီမနက် စခန်းကို ဝင်စီးတယ်လို့ပြောတယ်၊ စခန်းဆုတ်ပေးလိုက်ရတယ်တဲ့၊ လက်လုပ် ၄၀ မမ နဲ့ ပြန်ထုပြီး ဆုတ်ခဲ့ရတာလို့ကြားတယ်၊ အခုထိတော့ ပြန်ကယ်ထုတ်နေတုန်း”လို့ ပြောပါတယ်။
အထိအခိုက် အကျအဆုံးနဲ့ ပါတ်သက်ပြီး DNA က ဆက်လက်စုံစမ်းနေစဲ ဖြစ်ပြီး၊ ရိုးမဧရာအဖွဲ့နဲ့ ချိတ်ဆက်လို့ မရသေးပါဘူး။
ကြံခင်းမြို့နယ်ဟာ ဟင်္သာတခရိုင်အတွင်းမှာ ရှိပြီး ဧရာဝတီတိုင်းရဲ့ မြောက်ဘက်အစွန်းမှာ ရှိနေပြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း တွေနဲ့ ထိစပ်နေတဲ့ မြို့နယ်တခုဖြစ်ပါတယ်။