တပတ်တာ နွေဦးပုံရိပ်လွှာ

နိုင်ငံအနှံ့ စစ်မီး ဟုန်းဟုန်းတောက်နေချိန် မြန်မာပြည်အလယ်ပိုင်းကျေးလက်တနေရာမှ သာမန်အခမ်း အနားလေးတခုက လူအများ၏စိတ်အာရုံကိုဖမ်းစားခဲ့သည်။အဖြူအစိမ်းဝတ်ကျောင်းသူအချို့၊ အားကစား ဝတ်စုံဆင်မြန်းထားသည့် ခြေဗလာလူငယ်များ၊ရှိတာလေးနှင့်လှအောင်ဆင်ထားပုံရသည့် ပန်းပွား အကမယ် မိန်းမငယ်ကလေးများ…။

ပုံမှန်အခြေအနေတွင် သာမန်မြင်ကွင်းတခုအဖြစ်မျှသာ ရှိနေမည့် ဤမြင်ကွင်းကို တော်လှန်ရေး ကာ လ၊ယင်းမာမြို့နယ်စသည့် စကားရပ်များနှင့်ပေါင်းစပ်လိုက်လျှင်တော့ မထူးသော်လည်းဆန်းသည့် မြင်ကွင်း ဖြစ်လာသည်။

NUG အစိုးရ၊ပညာရေးဝန်ကြီးဌာန ဟူသော စကားရပ်များဖြင့် ထပ်မံပေါင်းစပ်လိုက်လျှင်တော့ နိုင်ငံရေး အနှစ်သာရပါဝင်သော အခမ်းအနားတခုအဖြစ် ရုပ်လုံးပေါ်လာပါတော့သည်။စစ်မိစ္ဆာတို့ကင်းစင်သော ပြည်သူ့အာဏာတည်တံ့ရာ နယ်မြေ…။

လွန်ခဲ့သည့် တနှစ်ခွဲက စတင်ကာ တနိုင်ငံလုံး နည်းလမ်းအမျိုးမျိုးဖြင့် အုံကြွတော်လှန် တိုက်ခိုက် နေခြင်းကပင် စစ်မိစ္ဆာဝါဒ ပျက်သုန်းရေးနှင့် ပြည်သူ့အာဏာ ပြန်လည်တည်တံ့စေရေးအတွက် မဟုတ်ပါ လား…။

နှစ်လိုဖွယ် အိုအေစစ် အခိုက်အတန့်ကလေးများကို လွန်သော် မျက်စိတဆုံး ပူပြင်းသည့် ခရောင်း လမ်းထဲ ပန်းတိုင်ရောက်သည်အထိ ဆက်လက်လျှောက်လှမ်းရမည်မှာ ကန္တရတို့၏ သဘာဝပင်ဖြစ်သည်။ အလားတူ နွေဦးသည်လည်း ခရီးကြမ်းထဲ ဆက်လက်လျှောက်လှမ်းနေရဆဲ..။

ကန္တရထဲက နွေဦးမြင်ကွင်းများကတော့ ရင်နင့်စရာ အပြည့်နှင့်ဖြစ်သည်။

“ကိုယ့်ဘက်က အားသာမှုတွေရှိလာလေလေ သူ့ဘက်ကလည်း ယုတ်မာရိုင်းစိုင်းမှုတွေ အစွမ်း ကုန်လုပ်တာဖြစ်လာမှာ”ဟု ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုသီတင်းပတ်အတွင်း ပြု လုပ်သည့် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။

မြန်မာပြည် အလယ်ပိုင်း အညာလွင်ပြင်၏ မကြုံစဖူး အံ့မခန်း ရုန်းကြွမှုကို ဖိနှိပ်ဖို့ စစ်မိစ္ဆာတို့က အ စွမ်းကုန် ယုတ်မာရိုင်းစိုင်းနေသည်မှာ ကြာခဲ့ပြီ..။ကျေးရွာများ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းခံရ သည့် ဖြစ်စဉ်တွေကို အချို့က သတင်းဟုပင် မသတ်မှတ်တော့..။

အာဏာသိမ်းစက ဆန္ဒပြသူအချို့ ပစ်ခတ်ခံရလျှင်ပင် နိုင်ငံတကာ မီဒီယာကြီးတွေအထိ အရေးတယူရှိ ခဲ့သော်လည်း ယခုမူ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရ၊ပြည်သူအများ နေထိုင်ရာ ကျေးရွာများအပေါ် လက်နက်ကြီးပစ်၊ရဟတ်ယာဉ်သုံးတိုက်ခိုက်တာတွေလည်း နေ့စဉ်နှင့်အမျှ…။

ဤသို့ ရိုးအီစရာဖြစ်လာနေသော သတင်းတွေထဲ ယခုသီတင်းပတ်အတွင်းဖတ်ရသည့် သတင်းတ ပုဒ်ကတော့ ထူးသည်ဟုဆိုရမည်။မီဒီယာစာမျက်နှာများထက် နေ့စဉ်ရောက်ရှိလာနေသည့် ရွာမီးရှို့ခံရ သ တင်းတွေကြားက ထူးထူးခြားခြား မီးရှို့မခံရသော သတင်းဖြစ်၏။

“ချောင်းဦး၊ဘလွေရွာ မီးရှို့ မခံရရေး စစ်တပ်ကို ကျပ် သိန်း ၂၂၀ ပေးလိုက်ရ” ဟူ၏။ချောင်းဦးမြို့နယ် ပြည်သူ့သတင်း အဆိုအရ ဘလွေကျေးရွာနေသူများ အလွန်သဘောကောင်းသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဆုံလိုက်ရဟန်ပေါ်သည်။

ရွာလုံးကျွတ် မီးရှို့ရန် အထက်ကညွှန်ကြားသော်လည်း ပိုက်ဆံပေးသော် မရှို့ဟု စစ်ကောင်စီတို့က ကမ်းလှမ်းသည်။ထို့နောက် ၎င်းတို့ဖမ်းဆီးထားသော ဒေသခံများထံမှ ကျပ်သိန်း ၂၂၀ ယူဆောင်သွား ခဲ့ သည်ဟုဆိုပါသည်။

သို့တိုင် နေအိမ် လေးလုံး မီးရှို့ခံရပြီး ကျေးရွာရှိနေအိမ်များမှ ရွှေ၊ငွေ၊ဖုန်းနှင့် အဖိုးတန် ပစ္စည်းများ၊ ကောက်ပဲသီးနှံများ လုယက်ယူဆောင်သွားခြင်းခံရသေးသည်ဆို၏။နွေဦး ကန္တရခရီးကြမ်းတွင် ဤကဲ့သို့ ဂွ ကျသော ဖြစ်ရပ်တွေလည်းရှိသည်။

အစောပိုင်းကဒလန်ဝတီတိုင်းဟု သမုတ်ခံရသည့် ၁၄မျဉ်းစောင်းတို့ဌာနေ ဧရာဝတီတွင်တော့ လှုပ်လှုပ်ရှားရှား သတင်းအချို့ ကြားရလာပြန်သည်။ယခုသီတင်းပတ်အတွက်တော့ ငပုတောမြို့နယ်မှ တိုက်ပွဲ သတင်းတခုကို ဖော်ပြလိုသည်။

ငပုတောမြို့နယ်၊ငရုတ်ကောင်းကမ်းခြေမြို့ အနီး ဇွန် ၁၃ရက်က တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ စစ်တပ်က ဖမ်းမိထားသော PDF တဦးကို လမ်းပြအဖြစ် စေခိုင်း၍ တော်လှန်ရေးတပ်ဖွဲ့ရှိရာ ကညင် တောင်စခန်းကို သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

တနာရီခန့်ကြာ တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံးအရေအတွက် ရှင်းရှင်းလင်းလင်းမသိရပေ။ အခြား ဒေသများကဲ့သို့ တိုက်စစ် ဆင်နွှဲနိုင်သည့် အခြေအနေမတွေ့ရသေးသော်လည်း ဧရာဝတီတိုင်းတွင်လည်း PDF များ စုစည်းလှုပ်ရှားနေကြောင်းသိနိုင်သည့် သတင်းတပုဒ်ဖြစ်သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီက PDF တို့ အခြေချရာ စခန်းကို သိမ်းပိုက်နိုင်သော အထောက်အထားမတွေ့ရသည့်အပြင် တပ်ပြန်ဆုတ်သွားသည်ဟု ပါရှိရာ ဧရာဝတီ pdf တို့၏ အနေအထားကို မှန်းဆနိုင်မည်ဖြစ်သည်။

ယခင်သီတင်းပတ်အတွင်းဆံဖြူရှင် တံတားဂိတ် စီးနင်း သိမ်းပိုက်မှုဖြင့် လူသိများထင်ရှားခဲ့သော ရေ စကြိုမှလာသည့် သတင်း တခုက နာကျည်းခံပြင်းဖွယ်ပင်..။ရေစကြိုမြောက်ပိုင်း ပြောက်ကျားအဖွဲ့(N-YSO)ဝင် ငါးဦး အရှင်လတ်လတ် မီးရှို့ သတ်ခံရကြောင်းဆိုသည်။

ဇွန် ၁၀ရက်က စစ်ကောင်စီလက်ပါးစေ အင်အား ၅၀ခန့်ပါ ယာဉ်တန်းကိုမိုင်းခွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူကို ဆေးကုရန် နေရာရွှေ့ပြောင်း သွားလာ ချိန်တွင် အဆိုပါ ငါးဦးဖမ်းဆီးခံရပြီးနောက် ဝိညဉ်မဲ့ရုပ်အလောင်းများကိုသာ ပြန်လည်တူးဖော်ရရှိခြင်းဖြစ်သည်။

အသက် ၅၂နှစ်အရွယ် CDM ကျောင်းအုပ်ဆရာနှင့် ကိုယ်ဝန်ငါးခန့်ရှိနေသော CDM ကျောင်းဆရာမ တို့အပါအဝင် ငါးဦးသည် စစ်မိစ္ဆာတို့လက်၌ ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် အသက်ပါပေးခဲ့ရသည်။ တော်လှန် ရေးအဖွဲ့က ပြန်လည်တူးဖော်တွေ့ရှိသော ရုပ်အလောင်းများ၏ အခြေအနေအရ အရှင်လတ်လတ် မီးရှို့ခံ ရကြောင်း ကောက်ချက်ချကြသည်။

ရန်ကုန်အတွက်တောာ့ သတင်းဆိုး ပိုမိုလွှမ်းမိုးသည့် ရက်သတ္တပတ်ဟု ဆိုရပါလိမ့်မည်။အင်းစိန်ထောင် ကြိုးတိုက်အတွင်းမှ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့အတွက် စိုးရိမ်နေရစဉ်မှာပင် မြေပြင်သပိတ် အဖွဲ့ဝင် လူငယ် ၃၀ခန့် တညအတွင်းဖမ်းဆီးခံရခြင်းက ရန်ကုန်မြေအဖို့ ဝမ်းနည်းဖွယ်…။

ရန်ကုန်အပါအဝင် မြို့ကြီးများမှ သပိတ်အဖွဲ့များနှင့် ပြောက်ကျားတပ်ဖွဲ့များအဖို့ ပွဲတွေကဖို့ထက် မှီခို ရပ်တည်ရေးကပင် ပိုမိုခက်ခဲလာနေခဲ့ပြီ..။သို့တိုင်အောင် စကစအနေဖြင့် မြို့ကြီးများမှ မြေအောက် တော်လှန် ရေး အဖွဲ့များကို နှိမ်နင်းနိုင်ခြင်းမရှိသေးပေ။သပိတ်လှုပ်ရှားမှုများ ပြောက်ကြားတိုက်ခိုက်မှုများက ဆက်ရှိနေ ဆဲဖြစ်သည်။

ယဉ်ကျေးမှုမြို့တော်ဆီက ပျံ့လွင်လာသော သတင်းတခုတွင်တော့ မှောင်ရိပ်ခိုနေရသော ဓမ္မဘက် တော်သား နွေဦးခရီးသွားတို့၏ မွန်းကြပ်မှုကို အထင်းသားတွေ့ရသည်။ပိုးသတ်ဆေးသောက်၍ သေကြောင်းကြံ သော ရှေ့နေ အမျိုးသမီး ကွယ်လွန်သည်တဲ့..။

သည်အထိက သာမန်မှုခင်းသတင်းတပုဒ်မျှသာဖြစ်သည်။သို့သော် ယခုကွယ်လွန်ခဲ့သူသည် PDF အားထောက်ပံ့သည်ဆိုသော စွဲချက်ဖြင့် အကြမ်းဖက် စစ်တပ်က အလိုရှိနေသူဖြစ်သည်။အလိုရှိသူကို ရှာမရ သည့်အခါ ထုံးစံအတိုင်း မိသားစုဝင်များကို ဖမ်းဆီးစစ်ဆေးတာတွေ စစ်တပ်က လုပ်သည်။

မန္တလေး နန်းမြို့တော်သည် နွေဦးကို ဝန်းရံသူများအဖို့ သမိုင်းကြောင်းယဉ်ကျေးမှုများကို ပြန်လည်သ တိရအောက်မေ့ဖွယ် နေရာ မဟုတ်တော့သည်မှာ တနှစ်ခွဲတိုင်ခဲ့ပြီ။နန်းမြို့ရိုး၏ ဟိုမှာဘက်တွင် အော်ဟစ် ငို ကြွေးသံများ၊နှိပ်စက်ညှင်းပန်းခံနေရသူများ၊အသက်ပေးခံရသူများ ရှိနေကြသည်လေ..။

အဆိုပါ နန်းမြို့ရိုး တံတိုင်းများနောက်တွင် ၎င်း၏မောင်နှင့် ညီမနှစ်ဦး စုစုပေါင်း သုံးဦးလည်း ရှိနေ နိုင်ကြောင်း အသက် ၃၀အရွယ်ရှေ့နေ ဒေါ်ဖြူဖြူခိုင်တယောက်သိသည်။ကိုယ်တိုင်က အကြမ်းဖက် စစ်တ ပ်လက်မှ တိမ်းရှောင်နိုင်ခဲ့သော်လည်း ကံဆိုးရှာသည့် မောင်ငယ်၊ညီမတွေအတွက် တွေးတောပူပန်ခဲ့ပုံရသည်။

သို့တိုင်အောင် ကိုယ်တိုင်သွားရောက်ဖမ်းဆီးခံကာ စစ်တပ် စစ်ဆေးမေးမြန်းသမျှ ဖြေကြားလိုသည့် ဆန္ဒလည်း ရှိပုံမရပေ။ထို့ကြောင့် မိမိကိုယ်ကို နှုတ်ပိတ်ကာ မွန်းကြပ်မှုကိုဖောက်ထွက်ပစ်ခဲ့သည်။စင်စစ်တွင် ဒေါ်ဖြူဖြူခိုင်သည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းမဟုတ်ပေ။အကြမ်းဖက် လက်ပါးစေတို့က စိတ်ကိုညှင်း ဆဲ သော နည်းဖြင့် အသေသတ်ခဲ့ခြင်းသာဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေး ပိုမိုပီပြင်အောင် ကြိုးပမ်းနေသည်နှင့်အမျှ နွေဦးခရီးကြမ်းတွင် ဒဏ်ရာ ဒဏ်ချက်တွေလည်း ပိုတိုးလာသည်သာဖြစ်သည်။ထို့အတူ တိုက်ပွဲရှိရင် အောင်ပွဲရှိတယ် ဆိုသည့်ကြွေး ကြော် သံအတိုင်း အောင်ပွဲတွေလည်းရနေ၊ရှိနေကြဦးမည်သာ..။

ဒေါနမြေမှ အောင်ပွဲ တခုဖြင့် ယခု သီတင်းပတ်အတွက် နွေဦးပုံရိပ်လွှာကို အဆုံးသတ်ပါရစေ..။ မြ ဝတီမြို့နယ် ဝေါလေမြိုင်မြို့နယ်ခွဲရှိ စကစလက်အောက်ခံရဲစခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

တိုက်ပွဲအတွင်း ရဲငါးဦးကို အရှင်ဖမ်းမိခဲ့သည့်အပြင် လက်နက်ကြီး ၁လက်အပါအဝင် လက်နက်များ ကိုလည်း သိမ်းဆည်းရရှိခဲ့သည်။ထို့အပြင် စကစလက်ပါးစေတို့ ဖမ်းဆီးထားသော pdf တပ်ဖွဲ့ဝင် ကိုးဦးကို လည်း ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။

တနာရီကြာ တိုက်ပွဲအပြီး ဒေါနသားတို့အပြန်တွင် စကစ ရဲစခန်း၌ အပြစ်မဲ့သူတို့၏ ရုပ်အလောင်းများ ကျန်ရစ်မနေခဲ့ပေ။အောင်ပွဲမှ ပြန်ခဲ့သော KNDOပူးပေါင်းတပ်တို့က ဖမ်းမိ ရဲငါးဦးနှင့် မိသားစုဝင်များလည်း အ သက်နှင့်ခန္ဓာယှဉ်တွဲလျက် လူသားချင်းစာနာမှုဖြင့် ဖေးမ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ကို မှတ်တမ်း ဓာတ် ပုံတို့တွင် တွေ့နိုင်ပါသည်။

အကယ်၍ သိမ်းပိုက်ခံရသော စခန်းက PDFစခန်း ဖြစ်ပြီး အောင်ပွဲဖြင့်ပြန်ခွင့်ရသူက စကစတို့သာ ဖြစ်ခဲ့ပါမူ အနှီမြင်ကွင်းမျိုး တွေ့ရရန်မရှိသည်ကို စကစလက်ပါးစေ မိသားစုဝင်တို့ တွေးမိပါလေစ…။