ကလေးမြို့မှာ အမျိုးသမီးတွေဦးဆောင် ချီတက်ဆန္ဒပြ

ကလေးမြို့မှာ”လိင်အကြမ်းဖက် မုဒိမ်းစစ်တပ် ငါတို့လက်နဲ့အဆုံးသတ် “စာသားကိုင်ဆောင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့ ပင်မသပိတ်အင်အားစုက အမျိုးသမီးတွေ ဦးဆောင်ကာ ဒီနေ့ ဇွန်လ၁၈ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ကလေးမြို့ပင်မသပိတ်အင်အားစုက ပြည်သူတွေဟာ(၄၉၆)ရက်မြောက်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
မြန်မာနိုင်ငံနေရာအနှံ့မှာ အကြမ်းဖက်စစ်အုပ်စုက ဆန္ဒပြသူ​တွေကို ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်နေပေမယ့် ဖိနှိပ်ချုပ်ချယ်မှုတွေကို ၊အပြီးတိုင်ချုပ်ငြိမ်းသွားစေဖို့ငြိမ်ခံမနေပဲ၊ လမ်းပေါ်တက်ကာ အလံနှင့်အသံကြားရာ အရပ်မှ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။