ရန်ကုန်မြို့တစ်နေရာမှာ”သေဒဏ်ပေးလျှင် မုချ လက်တုံ့ပြန်မည်” ချိတ်ဆွဲပြီး စစ်အုပ်စုနဲ့စစ်အုပ်စုမိသား စုဝင်တွေဒလန်တွေနဲ့ အဓမ္မဝါဒီသမားတွေကိုဒီနေ့ဇွန်လ ၁၅ရက်နေ့မှာ ပြင်းပြင်းထန်ထန် သတိပေးလိုက် ပါတယ်။
လက်တလောမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူထုအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုဂျင်မီ၊ကိုဇေယျာသော်၊ ကိုလှမျိုးအောင် နဲ့ ကိုအောင်သူရဇော် တို့ကို အကြမ်းဖက် စစ်အုပ်စုမှ သေဒဏ်ပေးခြင်းကို ရင်ဆိုင်နေရပြီး လူ့အခွင့်အရေးတွေကို အမျိုးမျိုးအဖုံဖုံလုပ်ရပ်တွေနဲ့ ချိုးဖောက်နေတာပါ။
အကြမ်းဖက် ဖက်ဆစ်စစ်အုပ်စုအနေနဲ့ တရားဉပဒေမဲ့ သေဒဏ်အား အကောင်အထည်ဖော်ခဲ့ပါက အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ၄င်းတို့ မိသားစုဝင် ဒလန်တွေနဲ့ စစ်အာဏာရှင်ထောက်တိုင်တွေကို ကျွန်ုပ်တို့မြေပေါ် မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် (မုချ) လက်တုံ့ပြန်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။
Revolution Force (RF),Youths Union နဲ့ တော်လှန်ရေး အင်အားစုတွေစုပေါင်းပြီး”သေဒဏ်ပေးလျှင် မုချလက်တုံ့ပြန်မည်”စာသားကို ရန်ကုန်မြို့တနေရာမှာ ချိတ်ဆွဲပြီး စစ်အုပ်စုကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာပါ။