ကရင်နီမှာ လက်နက်တွေနဲ့အတူ CDM ပြုလုပ်လာတဲ့ တပ်ကြပ်ကြီး ၁ ဦးကို ပြည်သူ့ရင်ခွင်အဖွဲ့က URF နဲ့ ပူးပေါင်းပြီး ညတွင်းချင်း ချိတ်ဆက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ က မနေ့က ဇွန်လ ၄ရက် နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
CDM ဝင်လာတဲ့ တပ်ကြပ်ကြီးစာရေးတဦးကို ပြည်သူ့ရင်ခွင်အဖွဲ့က မြို့ပြတော်လှန်ရေးတပ်ဦး URF နဲ့ ချိတ်ဆက်ကာ ညတွင်းချင်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတပ်ကြပ်ကြီးဟာ ဇွန်လ ၂ ရက်နေ့ ညမှာ ပြည်သူ့ရင်ခွင်အဖွဲ့ဆီ ဆက်သွယ်လာတာဖြစ်ပြီး ညတွင်းချင်းစီစဉ်ကာ ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ မြို့ပြတော်လှန်ရေးတပ်ဦး URF အဖွဲ့ရောက်ရှိလာကြောင်း ပြည်သူ့ရင်ခွင် – People’s Embrace က သတင်းထုတ်ပြန်ခဲ့ပါတယ်။
” တပ်ကြပ်ကြီးစာရေးက MA 3 တစ်လက်၊ ကျည်ဘောက် ၃ခု၊ ကျည် ၇၅တောင်၊ လက်ပစ်ဗုံး၂လုံးနဲ့ လွတ်မြောက်ကို ချောချောမွေ့မွေ့ ရောက်လာပါပြီ၊ URF (Urban Revolutionary Front) အဖွဲ့မှာ ခိုလှုံလိုက်တာပါ” လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုလက်အောက်ကနေထွက်ပြီး ပြည်သူနဲ့အတူ ပူးပေါင်းလိုသူတွေအနေနဲ့ လိုအပ်တဲ့ အချိန်မှာ ပြည်သူ့ရင်ခွင် (People’s Embrace) အဖွဲ့ကို ဆက်သွယ်ဆွေးနွေးနိုင်တယ်လို့ထည့်သွင်းထုတ် ပြန်ထားပါတယ်။