ဒီနေ့မနက်ပိုင်းမှာ သွေးသောက်အဖွဲ့ဝင်ဖြစ်တဲ့ ရွှေပြည်သာက ရာအိမ်မှူးတစ်ဦးကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊၁၀ရပ်ကွက် ရာအိမ်မှူးသံချောင်းဟာ စစ်တပ်သတင်းပေး၊သွေးသောက်အ ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အတွက် ဒီနေ့မနက် ၅နာရီမိနစ်၅၀လောက်မှာ သေနတ်နဲ့၆ချက်ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ Yangon Urban Guerrilla Army က ထုတ်ပြန်ပါတယ်။
ရွှေပြည်သာမြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်တပ်သတင်းပေးတွေ၊ပျူစောထီးတွေ၊သွေးသောက်တွေ၊စစ်သား၊ရဲတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေ နဲ့ ပြည်သူနဲ့ပူးပေါင်းပါဝင်ခြင်းမရှိဘဲ စစ်အုပ်စုအလိုကျ ဆက်လက်အမှုထမ်းနေပါက ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။
အခုရှင်းလင်းမှုကို Shwepyithar Defence Force(SDF)နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း Yangon Urban Guerrilla Army က ထုတ်ပြန်ပါတယ်။