ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး စည်းရုံးရေး နဲ့ ပြန်ကြားရေးဌာန ( ဗဟို ) အောက်ရှိ ဖွဲ့စည်း တည်ဆောက်ရေး နဲ့ ပညာပေးရေးဌာနက ကြီးမှူးပြီး ( FRT – Federal Refresher Training ) သင်တန်း တစ်ခုကို မေလအတွင်းကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နေရာတစ်ခုမှ ာပြုလုပ်ခဲ့တယ်လို့ မနေ့ကမေလ ၁၉ရက်နေ့မှာ KNU ကထုတ်ပြန်လိုက်ပါတယ်။
အဆိုပါသင်တန်းကို တိုင်းရင်းသားလူမျိုးလူငယ်ပေါင်းစုံ တက်ရောက်ကြပြီး ကေအဲန်ယူ – ထိန်းချုပ်နယ်မြေ အတွင်းမှ ကရင်လူငယ်များ တက်ရောက်ခဲ့ကြပြီး လေ့လာသူများအပါအဝင် စုစုပေါင်းသင်တန်းသားဦးရေ စုစုပေါင်း ၂၂ ဦးတက်ရောက်ကြတယ်လို့ဆိုပါတယ်။
သင်တန်းမှာ ဒီမိုကရေစီစနစ် ၊ ဖက်ဒရယ်ရေးရာ ၊ အုပ်ချုပ်ရေး ၊ ကွန်ဖက်ဒရေးရင်းနဲ့ ဖက်ဒရယ် ကွာခြားချက် ၊ မြန်မာ့နိုင်ငံရေးသမိုင်း ၊တိုင်းရင်းသားလက်နက်ကိုင်သမိုင်း နဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်း တွေကို ပို့ချသွားတယ်လို့သိရပါတယ်။
သင်တန်းဆရာတွေအဖြစ် ပဒိုစောလှထွန်း ၊ ပဒိုစောသမိန်ထွန်း ၊ ပဒိုစောပိုပိုထူးအောင်တို့က ဆောင်ရွက်ကြတယ်လို့ထုတ်ပြန်ထားပါတယ်။