မင်းအောင်လှိုင်သိမ်းထားတဲ့ ရန်ကုန်က နေအိမ်၄လုံးစလုံးကို လေလံတင်ရောင်းချမယ်

ရန်ကုန်မြို့က အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သိမ်းယူထားတဲ့ နေအိမ်၄လုံးစလုံးကို လေ လံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
The End of Dictatorship (EOD)စီမံကိန်းအကြောင်းနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က မနေ့ညက ပြောကြားရာမှာ အဲဒီလို ထည့်သွင်းပြောပါတယ်။
လက်ရှိမှာ မင်းအောင်လှိုင်သိမ်းယူထားတဲ့ ၁၄/အင်းလျားအိမ်နဲ့ခြံကို အမေရိကန်ဒေါ်လာ၁၀သန်း သတ်မှ တ်ပြီးရှယ်ယာစနစ်နဲ့ ရောင်းချခဲ့ရာ နှစ်ပတ်မပြည့်ခင်မှာ ကန်ဒေါ်လာ၅သန်းဖိုးရောင်းချပြီးပြီလို့သိရပါတယ်။
ရန်ကုန်မြို့မှာပင် မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စုဝင်တွေ သိမ်းယူထားတဲ့ မြေကွက်ပေါင်း ၆၀အထိရှိကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
မန္တလေးတိုင်းအတွင်းရှိလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကနေပြည်တော်မှာသရက်ခြံစီမံကိန်းအကြောင်းပြချက်နဲ့ စစ်အုပ်စုဝင်တွေပိုင်ဆိုင်ထားတဲ့ မြေဧကများစွာရှိတယ်လို့ ဆိုပါတယ်။
‘ကျွန်တော်တို့ NLDလက်ထက်မှာ အဲဒီသိမ်းဆည်းထားတဲ့မြေတွေကို ပြန်လည်စိစစ်ခဲ့ဖူးတယ်။အာဏာသိမ်း လိုက်လို့ မပြီးပြတ်ခဲ့တာ’လို့ သူကပြောပါတယ်။
မင်းအောင်လှိုင် သားသမီးတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ရကြောင်း ဝန်ကြီးဦးတင်ထွန်းနိုင်က ​ပြောပါတယ်။