လောင်းရှည်နယ်မြေရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ CDMလုပ်ဆောင်

ဓာတ်ပုံ- CDF-KK
မကွေးတိုင်း လောင်းရှည်နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦးဖြစ်သူ အောင်ကျော်လင်းဟာ လက်နက်အပြည့်အစုံနဲ့ Chinland Defense Force – Kalay Kabaw Gangaw ဆီ ဆက်သွယ်ပြီး ပြည်သူ့ထံ အလင်းဝင်ခဲ့တယ်လို့ CDF-KKGက ဒီကနေ့ မေလ ၈ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ရဲတပ်သား အောင်ကျော်လင်းဟာ လောင်းရှည်နယ်မြေရဲစခန်းကနေ ဂန့်ဂေါမြို့နယ်မှာပါ တွဲဖက်ယာယီတာဝန်ဆောင်နေတာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတာကြောင့် M22 မောင်းပြန်သေနတ်တစ်လက်၊ ကျည်အိမ်အပိုတစ်ခုနဲ့ ကျည် ၉၁တောင့်ကိုပါ ယူဆောင်လာပြီး CDF-KKGကနေတဆင့် အလင်းဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။
ပြည်သူ့ထံ အလင်းဝင်လာတဲ့ ရဲတပ်သားအောင်ကျော်လင်းကို CDF-KKGက ထိုက်သင့်တဲ့ ဆုကြေးငွေတွေ ပေးအပ်ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
CDF-KKGကနေ တဆင့် CDMလုပ်ဆောင် အလင်းဝင်ရောက်ခဲ့သူ ၈ဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။