သံတောင်မှာ ရဲနှစ်ဦးကို ရှင်းလင်း

Photo – သံတောင်PDF
ကရင်ပြည်နယ်၊ သံတောင်မြို့ရဲစခန်းကနေ ဆင်းလာတဲ့ ရဲ ၂ ဦးကို ရှင်းလင်းခဲ့ကြောင်း သံတောင် PDF က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၈ နာရီ ၁၆ မိနစ်လောက်မှာ သံတောင်မြို့ရဲစခန်းက ရဲတပ်ကြပ်စိုးမင်းထိုက်နဲ့ ရဲတပ်သားတစ်ဦးကို ရှင်းလင်းလိုက်တာပါ။
အဲဒီရဲနှစ်ဦးနဲ့အတူ လက်နက်ငယ်နှစ်လက်၊ ကျည်တချို့နဲ့ တခြားပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ သံတောင် PDF က ဆိုပါတယ်။