မြဝတီ ရဲစခန်း အနောက်ဘက်မှာ လက်လုပ်မိုင်း ပေါက်ကွဲ

PHOTO-KIC
ကရင်ပြည်နယ်၊ မြဝတီရဲစခန်း အနောက်ဘက်၊ကိုက် ၅၀ လောက် အကွာမှ ာလက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ တယ်လို့ သိရပါတယ်။
မတ်လ ၆ ရက်၊ ည ၉ နာရီခွဲလောက်မှာ မြဝတီ မြို့မရဲစခန်း အနောက်ဘက် ၊ ဗိုလ်ချုပ်လမ်းနဲ့ ဦးအောင်ဇေယျလမ်းထောင့်မီးပွိုင့် အနီး၊ ယာဉ်ထိန်းတပ်ဖွဲ့ ယာယီနားနေတဲ့ အဆောက်အဦနံဘေး ရေမြောင်းမှာ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဒေသတွင်း မီဒီယာ KIC က ဖော်ပြပါတယ်။
ပေါက်ကွဲသံက အတော်ကျယ်ပြီး အိမ်ခေါင်မိုးပေါ်ထိ ယမ်းစလို့ ထင်ရတဲ့ အရာများစွာ ကျလာကြောင်း အခင်းဖြစ်ရာအနီး နေထိုင်သူတစ်ဦးက ပြောတယ်လို့ KIC က ဖော်ပြပါတယ်။