မြင်းခြံ Zeroအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ ကျဆုံး

ဓာတ်ပုံ- Ghost Team Ranger Myinmu
မန္တလေးတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြင်ခြံ Zero ပြောက်ကျားတပ်ဖွဲ့က ဒုတိယခေါင်းဆောင်ဖြစ်သူ CDM ရဲတပ်ဖွဲ့ဝင် ကိုဟိန်းထက် ကျဆုံးခဲ့ရတယ်လို့ Ghost Team Ranger Myinmu က ဒီကနေ့ ဧပြီလ ၂၉ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မြင်းမူမြို့နယ် ထီးစောင်းဘက်ကို စစ်ကူသွားရင်း ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့တစ်သက် ကျွန်တော်တို့ရင်ထဲမှာ ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးသွားပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးသူရဲကောင်း ကိုဟိန်းထက်(ခေါ်)ရခိုင် အား အမြဲလေးစားဦးညွှတ်စွာနဲ့ အောက်မေ့သတိရနေပါ့မယ်ခင်ဗျာ”လို့ Ghost Team Ranger Myinmuက ဆိုပါတယ်။
နွေဦးသူရဲကောင်း ကိုဟိန်းထက်ကို ကောင်းသောဘုံဘဝကို ရောက်ရှိပါစေကြောင်းနဲ့ Ghost Team Ranger Myinmuအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေးအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ထည့်သွင်းထုတ်ပြန်ထားပါတယ်။