ပုသိမ် ကညနရုံးမှာ ဗုံးပေါက်

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် ကင်မလင်းကျွန်းမှာရှိတဲ့ ကညနရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂၆ရက်နေ့ မနက် ၇နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပုသိမ် ကညနရုံးဟာ အကြမ်းဖက်စစ်အုပ်စုကို ဝင်ငွေရရှိစေတဲ့ မော်တော်ယာဉ်သက်တမ်းတိုးတာ လိုင်စင်တွေ လုပ်ဆောင်ပေးတာတွေကို လုပ်ဆောင်နေတာကြောင့် အခုလို ဖောက်ခွဲသတိပေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ပုသိမ်ကညနရုံးမှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး မီးပုလင်းပစ်ပေါက်ခံရတဲ့ဖြစ်စဉ်တွေပါ ဖြစ်ပွားခဲ့ဖူးပါတယ်။