အမေရိကန် တော်လှန်ရေး ရံပုံငွေပွဲကနေ ဒေါ်လာ ၁ သိန်းခွဲနီးပါးရရှိ

Photo – Social Media
အမေရိကန်မှာ နွေဦးအတွက် ကမ်းလက်များအဖွဲ့ (Helping Hands for Burma) က ဦးစီးပြီး မြန်မာနှစ်သစ်ကူး ရံပုံငွေ စျေးပွဲတော်ကနေ NUG ငွေတိုက်စာချုပ်နဲ့ အစားအသောက်ရောင်းရငွေ ဒေါ်လာ ၁ သိန်းခွဲနီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဧပြီလ ၂၄ ရက် တနင်္ဂနွေနေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ လောကချမ်းသာ စေတီတော်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာ NUG ငွေတိုက်စာချုပ် Bond ရောင်းရငွေ ဒေါ်လာ ၁ သိန်းကျော်နဲ့ အစားအသောက် ရောင်းချတာကနေ ဒေါ်လာ ၄ ထောင်ကျော် စုစုပေါင်း ဒေါ်လာ ၁ သိန်းခွဲနီးပါး အထိရရှိခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ စျေးပွဲတော်မှာ မြန်မာအစားအစာ အမျိုးပေါင်း ၆၀ ကျော်နဲ့ အမှတ်တရ ပစ္စည်းတွေ ရောင်းချခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ​ငွေတိုက်စာချုပ် ဝယ်ယူတဲ့အပြင် ပါဝင်ကူညီရောင်းချပေးခဲ့ပါတယ်။ ဒီရံပုံငွေပွဲကို မြန်မာပြည်ဖွားတိုင်းရင်းသား ၁၅၀၀ ကျော် လာရောက်အားပေး လှူဒါန်းခဲ့ကြပါတယ်။