မုံရွာ-မန်း ကားလမ်းပေါ် မိုင်းဆွဲတိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၁၆ ဦး ပွဲချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ-မန္တလေးကားလမ်းမပေါ် မှာ မဟာမိတ်အဖွဲ့တွေရဲ့ ရှေ့ထွက်မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၆ ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မုံရွာကနေ ထွက်လာတဲ့ Jammer ကားတစ်စီး၊ အကြမ်းဖက် စစ်သားတွေ ပါလာတဲ့ကားတစ်စီးနဲ့ သံချပ်ကားတစ်စီးတို့ကို ချောင်းဦးမြို့နယ် အတွင်းရှိ မုံရွာ- မန္တလေး ကားလမ်းမကြီးပေါ် Update မြှင့်ထားတဲ့ ရှေ့ထွက်မိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Burmese Guerrilla Force – BGF က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
မိုင်းဆွဲခံရမှုကြောင့် Jumper ကားတစ်စီး ထိခိုက်ပျက်စီးပြီးအများအပြားဒဏ်ရာ ရရှိကြောင်း တပ်တွင်းသတင်းပေးပို့ချက်အရ သိရတယ်လို့လည်း ထုတ်ပြန်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်က ဦးဆောင်ကာ မဟာမိတ်တွေဖြစ်တဲ့ Burmese Guerrilla Force – BGF (Myingyan)၊ ဗိုလ်နေတိုး အထူးပြောက်ကြားအဖွဲ့ B.N.T F ၊11 Brothers Revolution Force တို့က ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။