သင်္ကြန်မဏ္ဍပ်အတွက် သစ်ခွဲသားထုတ်ပေးနေတဲ့ မုံရွာမြန်မာ့သစ်လုပ်ငန်းကို မိုင်းနှစ်လုံးနဲ့ဖောက်ခွဲ

သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ သစ်ခွဲသားတွေကို ၂၄ နာရီထုတ်လုပ်ပေးနေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မြန်မာ့သစ် လုပ်ငန်း (မုံရွာ) စက်ရုံကို မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၈ ရက်နေ့ ညဦးပိုင်းမှာ Democratic Guerrilla Force-DGF က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အိုးဘို‌‌ထောင်ရပ်ရှိ အမှတ် (၁) သစ်ပါးလွှာစက်ရုံ (မုံရွာ) က မီးလိုင်းနှစ်လိုင်းကို ဖြတ်တောက်နိုင်ခဲ့တယ်လို့ လည်း DGF က ထုတ်ပြန်ပါတယ်။
အခုရက်ပိုင်းမှာ မုံရွာနဲ့ တခြားမြို့နယ်တွေအတွက် သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ လိုအပ်တဲ့ သစ်ခွဲသားတွေကို နေ့နေ့ညည စက်ရုံလည်ပတ်ပြီး အလောတကြီး ထုတ်လုပ်‌ပေးနေတယ်လို့ ဆိုပါတယ်။
မုံရွာမြို့က မြန်မာ့သစ်လုပ်ငန်းဟာ ၂၄ နာရီပြည့် စက်ရုံအင်အားပြည့် လည်ပတ်ကာ စစ်အုပ်စုကို ဝင်ငွေရှာပေးနေတဲ့ အကြမ်းဖက် ထောက်တိုင်အကြီးစား ဖြစ်တယ်လို့လည်းဆိုပါတယ်။

Delta News

Read Previous

“အောင်လံထူချိန်နီးပြီမို့ ပြည်သူအားလုံးထကြွစို့” စာသားကိုင် ဆန္ဒထုတ်ဖော်

Read Next

သင်္ကြန်မဏ္ဍပ် ဝန်ထမ်းတွေ မပျက်မကွက် တက်ရောက်ဖို့ ပြည်ထဲရေးက စာထုတ်ညွှန်ကြား