လက်ပြန်ကြိုးတုပ် မီးရှို့ထားတဲ့ ရုပ်အလောင်း ဒီးမော့ဆိုမှာ တွေ့ရှိ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားနဲ့ မီးရှို့ထားတဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF B-09) က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၅ ရက်နေ့မှာ KNDF B-09 နယ်မြေအတွင်း နယ်မြေ ရှင်းလင်းရေးပြုလုပ်စဉ် ဒီးမော့ဆိုမြို့နယ်၊ (၆) မိုင်ကျေးရွာအတွင်း ဖမ်းဆီးသတ်ဖြတ်ထားတဲ့ အဲဒီရုပ်အလောင်းကို တွေ့ရှိတာကြောင့် ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း KNDF B-09 က ဒီကနေ့ထုတ်ပြန်ပါတယ်။
အဲဒီရုပ်အလောင်းကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ထားပြီး မြေပြင်အနေအထားကို စုံစမ်းမှုတွေပြုလုပ်နေတယ်လို့လည်း KNDF B-09 က ဆိုပါတယ်။

Delta News

Read Previous

သက္ကလ အထက်တန်းကျောင်းရှေ့မှာ ကျောင်းသားမိဘတစ်ဦး ကျည်ထိမှန်

Read Next

စစ်အုပ်စုက မောခီးစခန်းမှာ ပြန်လည်တပ်စွဲ