လှိုင်သာယာ ပီမိုးနင်း လမ်းမကြီးပေါ် ကင်းပတ်မယ့် ပျူစောထီးအဖွဲ့သားတွေ ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက်၊ ပီမိုးနင်းလမ်းမပေါ် သစ္စာလမ်းထိပ်တွင် ကင်းပတ်မယ့် ပျူစောထီးအဖွဲ့သားတွေကို မနေ့က မတ်လ ၁၉ ရက်နေ့ည ၁၀ နာရီ ၃၅ မိနစ်က ဗုံးပေါက်ခွဲခဲ့တာဖြစ်ပြီး YUF (Yangon Underground Force) နဲ့ Black Eagle Ranger ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ YUF တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွါးပြီး အကြမ်းဖက်စစ်အုပ်စု တပ်အင်အားအများအပြား ​ရောက်ရှိလာကာ လမ်းပိတ်စစ်ဆေး တင်းကြပ်တာတွေ ပြုလုပ်ခဲ့ပေမယ့် ဗုံးဖောက်ခွဲခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ အားလုံးဘေးကင်းလုံခြုံရာကို အကျအဆုံးမရှိ ရောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။