တိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေး ခရီးသည်ယာဉ်တွေ လမ်းမှာ သောင်တင်နေ

မြစ်ကြီးနားမြို့နဲ့ နမ္မတီးမြို့ကြား ၂၁ မိုင်ဂိတ်မှာ မနေ့က စစ်အုပ်စုတပ်နဲ့ ကေအိုင်အေ၊ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂိတ်ကို လက်ရှိချိန်ထိ ပိတ်ထားတာကြောင့် ခရီးသည်တင်ယာဥ်တွေ ၂၁ မိုင်နှင့် နီးစပ်တဲ့ နမ္မတီးမြို့နဲ့ မရမ်းကျေးရွာတွေမှာ သောင်တင်နေ‌သေးတယ်လို့ Kachinwaves သတင်းဌာနကဖော်ပြထားပါတယ်။
အဆိုပါ ၂၁ မိုင် တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲဖြစ်ပြီးနောက် ၂၁ မိုင်ဂိတ်ကို နာရေးကူညီမှုကားတွေနဲ့ လူနာတွေ လာရောက်သယ်ဆောင်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ၂၁ မိုင်ဂိတ် တိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာ ပထမအကြိမ် တိုက်ခိုက်ခံခဲ့ရပါတယ်။
Source- Kachinwaves