CDM စစ်သားနဲ့ရဲတို့ကို ဩစတြေးလျနဲ့ချက်နိုင်ငံအပါအဝင် ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးတွေက လက်ခံကြိုဆိုနေကြောင်း Anti–coup Forces Coordination Committee-Mandalay က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ကနေ စွန့်ခွာပြီး CDM ပြုလုပ်လာတဲ့ စစ်သားတွေကို ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်ဗီဇာတွေပေးအပ်မှု စတင်နေပြီလို့ Sydney Morning Herald သတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်း အာဏာသိမ်းစစ်အုပ်စုရဲ့ လက်အောက်မှာ ဆက်မနေလိုတော့တဲ့ တပ်ရင်းမှူး (ဒုတိယ ဗိုလ်မှူးကြီး) အဆင့်ရှိ အရာရှိ အနည်းဆုံး (၃) ဦး CDM လုပ်လာတယ်လို့သိရကြောင်း Anti –coup Forces Coordination Committee-Mandalay က ဆိုပါတယ်။
အာဏာသိမ်းမှုဟာ လက်တစ်ဆုပ်စာ လူတစ်စုကလွဲရင် တပ်မတော်အတွက်ရော၊ ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါ ရေတို၊ ရေရှည် ဘာကောင်းကျိုးမှ ရှိလာမှာ မဟုတ်ဘူးဆိုတာ လုံးဝထင်ရှားကြောင်း အာဏာသိမ်းမှုရဲ့ ရလဒ်ကတော့ မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ၊ ငြိမ်းချမ်းမှုလုံးဝမရှိတဲ့နိုင်ငံ၊ တစ်ကမ္ဘာလုံးနဲ့ ရန်ဖြစ်နေရတဲ့ နိုင်ငံ၊ အနာဂတ်ပျောက်နေတဲ့ နိုင်ငံ၊ အထီးကျန် အကျည်းတန်နိုင်ငံနဲ့ အလုံးစုံချွတ်ခြုံကျနေတဲ့ နိုင်ငံအဖြစ်ကိုသာ ဖြစ်လာစေမယ်လို့ Anti –coup Forces Coordination Committee-Mandalay က ဆိုပါတယ်။