စစ်အုပ်စုကို ထောက်ပံ့နေတဲ့ မန္တလေးက Bar၊ KTV၊ Club တွေကို စတင်တိုက်ခိုက်မယ်

မန္တလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ Bar၊ KTV၊ Club တွေကို စတင်တိုက်ခိုက်တော့မှာ ဖြစ်တယ်လို့ ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Guerilla Force Of Mandalay (GRA) က ဒီကနေ့ မတ်လ ၉ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
Guerilla Force Of Mandalay (GRA) နဲ့ မဟာမိတ်ညီနောင်တွေ ပူးပေါင်းပြီးတော့ စစ်အုပ်စုကိုသာမက စစ်အုပ်စုရဲ့ ထောက်တိုင် စီးပွားရေးလုပ်ငန်းတွေ စစ်အုပ်စုနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေပါ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုကို ထောက်ပံ့ရာရောက်တဲ့ ဘယ်အရာအဆို ဘယ်စီးပွားရေးကိုဆို အဆုံးထိဖြိုခွင်းသွားမယ်လို့ Guerilla Force Of Mandalay (GRA) က ဆိုပါတယ်။