ဒီးမော့ဆိုမှာ စစ်​ရှောင်​တွေအတွက် အကူအညီလိုအပ်နေ

Credit – ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို
ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ်ဖက်မှာလက်နက်အင်အား ငွေအင်အားတွေအပြင် စစ်ဘေးရှောင်တွေအတွက်ပါ အစစအရာရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဆိုပါတယ်။
ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်အုပ်စုက ဖြတ် ၄ ဖြတ် လုပ်ထားတာ ကြာပြီဖြစ်သလို စစ်ရှောင်တွေ ပိုများလာတာကြောင့် အကူညီတွေလိုအပ်နေတာလို့ သူကဆက်ပြောပါတယ်။
မတ်လ ၅ ရက်နေ့က စစ်အုပ်စုရဲ့ လွိုင်ကော်အခြေစိုက်တပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့ပြီး အင်အား ၄၀၀ ကျော်ပါဝင်တဲ့ စစ်ကြောင်း ၄ ကြောင်းနဲ့ ဒီးမော့ဆိုမြို့ကို ထိုးစစ်စင်နေတာပဲ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နေပြည်တော်ရဲ့ ခေါင်မိုးသဖွယ်ဖြစ်နေတဲ့ ကရင်နီပြည်ရဲ့ အနောက်ဘက်ခြမ်းကို နယ်မြေစိုးမိုးမှုတွေ ရယူနေတာဖြစ်တယ်လို့ သိရပါတယ်။