ရပိုင်ခွင့်အခွင့်အရေးနဲ့ လွတ်လပ်ရေးတို့အတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေကြတဲ့ LGBTQIA+ အသိုင်းအဝိုင်းအပါအဝင် မြန်မာပြည်သူအားလုံးကို လေးစားဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။
ဒီနေ့ (မတ်လ ၁ ရက်နေ့) မှာ ကျရောက်တဲ့ နိုင်ငံတကာ ခွဲခြားဆက်ဆံမှုပပျောက်ရေးနေ့မှာ ဗြိတိန်သံရုံးက အဲဒီလို ထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း ရှိ LGBT+ အခွင့်အရေးအတွက် ဆက်လက်ကာကွယ်ပြီး ပံ့ပိုးလုပ်ဆောင်သွားဖို့ ယူကေအစိုးရက ကတိကဝတ်ပြုထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။
လုံခြုံခိုင်မာ၊ ဘေးကင်းပြီး စည်ပင်သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းဆိုတာ အကြမ်းဖက်ခံရမှု (သို့မဟုတ်) ခွဲခြားဆက်ဆံခံရမှုတို့ကိုကြောက်ရွံ့ နေရခြင်းမရှိဘဲ လူသားတိုင်း လွတ်လပ်စွာ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းပဲဖြစ်တယ်လို့ ဗြိတိန်သံရုံးက ဆိုပါတယ်။
ပထမဦးဆုံး ကမ္ဘာလုံးဆိုင်ရာ LGBT+ ညီလာခံ ဖြစ်တဲ့ ‘Safe To Be Me’ ကို ၂၀၂၂ ခုနှစ် ဇွန်လကုန်မှာ ယူကေနိုင်ငံက ဦးစီးပြီး အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမှာဖြစ်ပြီး အဲဒီညီလာခံမှာ LGBT+ အခွင့်အရေးနဲ့ပတ်သက်ပြီး အဓိကပြသနာတွေ ကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။