ခရမ်းမြို့ပေါ်က နယ်ခံစစ်ဗိုလ်အိမ် ဗုံးခွံတိုက်ခိုက်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၊ ကွက်သစ်က အကြမ်းဖက်စစ်တပ် ဗိုလ်တစ်ဦးရဲ့နေအိမ်ကို ဗုံးခွဲတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
ဒီ‌နေ့မနက် ၅ နာရီလောက်မှာ ခရမ်းမြို့ ကွက်သစ် ဦးဝိစာရလမ်းပေါ်ရှိ မြို့ခံဗိုလ် ကောင်းထက်ကျော်ရဲ့ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ နေအိမ်အရှေ့ပိုင်း ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုကို ခရမ်း PDF က ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
‘ဒီကောင်က သူ့ကိုယ့်သူ စစ်ဗိုလ်ပေါ့။ တစ်မြို့လုံးကို ဂရုမစိုက်ဘူးဆိုတဲ့ အပေါက်မျိုး ကြီးကြီးကျယ်ကျယ် ပြောနေတာဆိုတော့ ခရမ်း PDF က နမူနာအနေနဲ့ နားရင်းတစ်ချက်ဖြတ်ရိုက်ပြလိုက်တဲ့ပုံစံမျိုး သတိပေး ဖောက်ခွဲလိုက်တာ။ထပ်ပြီးတော့ လူပါးဝနေရင် လူကိုဒုက္ခပေးတော့မယ့်အကြောင်း သတိပေးလိုက်တာ’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းက ခရမ်းမြို့နယ် ပိန်းကန်ရဲစခန်းတိုက်ခိုက်ခံရမှုနဲ့ တမံကြီးရွာမှာ စစ်ကားမိုင်းဆွဲခံရတာကြောင့် စစ်အုပ်စုဝင် ၁၁ ဦးသေပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။