အကြမ်းဖက်စစ်တပ် ခုခံတော်လှန်ရေး သိန်းတစ်ထောင်ပရောဂျက်မှာ ပါဝင်ကြဖို့ KNDF တိုက်တွန်း

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် ခုခံတိုက်ခိုက်ရေး လိုအပ်ချက်တွေကို ထောက်ပံ့နိုင်ရေးအတွက် ‌သိန်း​ပေါင်းတစ်​ထောင် ပ​ရောဂျက်မှာ ပါဝင်ပေးကြပါဖို့ ကရင်နီ အမျိုးသားများကာကွယ်​ရေးတပ် (KNDF) က တိုက်တွန်းလိုက်ပါတယ်။
အဲဒီအလှူခံမှုကို KNDF၊ ယန်းတစ်ရာအဖွဲ့နဲ့ POEM တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး မြေပြင်မှာ လက်ရှိတကယ် ရင်ဆိုင်နေကြရတဲ့ KNDF အဖွဲ့ဆီကို အမြန်ဆုံး ငွေစီးဆင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရရှိငွေတွေကို နမ့်မယ်ခုံဒေသ ပြန်လည်ရရှိဖို့၊ နောက်ထပ် ဒေသတွေ အလားတူအဖြစ် မကြုံရဖို့နဲ့ စစ်ဘေးရှောင်တွေကို နိုင်သလောက် ကူညီနိုင်ဖို့အတွက် သုံးသွားမှာဖြစ်ပြီး နိုင်ငံခြားကလူတွေ အနေနဲ့ POEM Page နဲ့ ယန်းတစ်ရာ Page မှာ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြီးအကျယ် ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရပြီး တော်လှန်ရေး အင်အားစုတွေဟာလည်း လက်နက်အင်အား မမျှခြင်းကြောင့် နယ်မြေတွေ ဆုတ်ခွာပေးရတယ်လို့ KNDF က ဆိုပါတယ်။