ဒီမောဆိုက စစ်ရှောင်အများဆုံးရှိတဲ့ရွာကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်

စစ်ဘေးဒုက္ခသည်တွေ အများဆုံးရှိတဲ့ ဒီမောဆိုမြို့နယ်၊ လိုဘာခိုကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၁ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(လွိုင်ကော်ဇုန်) က ထုတ်ပြန်ပါတယ်။အင်တာနက်လိုင်း ပြတ်တောက်မှုတွေလည်း အရင်ထက် ပိုများလာတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကရင်နီ စစ်ရှောင်စခန်းတွေ ထပ်မံရွှေ့ပြောင်းကြရပြီး ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်က စစ်ရှောင်တွေ ပြောင်းရွှေ့နိုင်ဖို့အတွက် သွားရောက်ကူညီပို့ဆောင်ပေးခဲ့တဲ့အကြောင်းနဲ့ စစ်ရှောင်ပြည်သူတွေ တနေရာရာကိုရွှေ့ပြောင်းကြရတာ အင်မတန်ခက်ခဲကြတာကြောင့် နီးစပ်ရာ ဝိုင်းဝန်းကူညီပေးကြဖို့ အထူးမေတ္တာရပ်ခံတဲ့အကြောင်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ဒီကနေ့ထုတ်ပြန်ပါတယ်။