၂၈၊ဇန်နဝါရီလ၊၂၀၂၂။
ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့နယ် ကျောင်းကုန်းကျေးရွာနဲ့ ကုန်းဆွတ်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုကို လွိုင်ကော်PDFနဲ့ KNDFတို့က ခုခံတိုက်ခိုက်ခဲ့ကြပြီး စစ်အုပ်စုက သေဆုံးသူတွေ များပြားခဲ့တယ်လို့ လွိုင်ကော်PDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ ညနေ ၃နာရီခန့်မှာ လွိုင်ကော် PDF တပ်ခွဲ (၅)နဲ့ KNDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
အလစ်အငိုက်တိုက်ခိုက်ခဲ့ရတဲ့ စစ်အုပ်စုဟာ ထိခိုက်သေဆုံးမှုတွေ များပြားပြီးနောက် ညနေ ၅နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လေယာဉ် ၂စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဓာတ်ပုံ-လွိုင်ကော်PDF