အမေရိကန်မှာ အင်အားကြီး လေဆင်နှာမောင်းတိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၀၀ နီးပါး သေဆုံး

၁၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ခြောက်ခုကို ဦးတည်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း လေဆင်နှာမောင်းကြောင့် အနည်းဆုံး လူ ၁၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ Aljazeera သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီလေဆင်နှာမောင်း တိုက်ခတ်မှုဟာ အမေရိကန်သမိုင်းရဲ့အကြီးမားဆုံး တိုက်ခတ်မှုဖြစ်လာမှာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း များပြားလွန်းခဲ့တာပါ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ပျက်စီးဆုံးရှုံးမှုတွေ များပြားခဲ့တဲ့ အဲ့ဒီ ပြည်နယ်ခြောက်ခုကို အကူအညီတွေ အပြန်ဆုံး ပေးသွားမှာဖြစ်တယ်လို့ လက်တလော ကတိပြုထားပါတယ်။

အင်အားပြင်း လေဆင်နှာမောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နှောင်းပိုင်းမှာ တိုက်ခတ်သွားခဲ့တာပါ။ ထိခိုက်ဆုံးရှုံးခဲ့တဲ့ ပြည်နယ် ၆ ခုမှာ ကန်တက်ကီပြည်နယ်ကတော့ သေဆုံး၊ ပျက်စီးမှု အများဆုံးဖြစ်ခဲ့တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။

လက်ရှိအချိန်ထိ တိကျတဲ့ သေဆုံးသူ အရေအတွက်ကို အမေရိကန် အာဏာပိုင်တွေက မထုတ်ပြန်သေးပေမယ့် Aljazeera သတင်းဌာနကတော့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၀၀ နီးပါး သေဆုံးဖွယ် ရှိနေတာလို့ ရေးသားဖော်ပြခဲ့တာပါ။

Delta News Agency

Read Previous

မြန်မာပြည်သူတို့ရဲ့ တိတ်ဆိတ်ခြင်းအောင်ပွဲကို ကုလသမဂ္ဂချီးကျူး

Read Next

နိုင်ငံတကာရဲ့ လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုဟာ လုံလောက်မှုမရှိသေးဘူးလို့ Justice For Myanmar ပြော