၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။
ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNDFတို့ တိုက်ပွဲပြင်းထန်နေပြီး KNDFမှ ၄ဦးကျဆုံးခဲ့ရကာ စစ်အုပ်စုဘက်မှလည်း သေဆုံးသူများပြားခဲ့တယ်လို့ KNDFရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ မနက် ၆နာရီခန့်က စတင်ကာ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းထိုးတိုက်ခိုက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေး ကရင်နီပူးပေါင်းအဖွဲ့က ဟိုဖိတ်ကျေးရွာအနီးမှာ ခုခံစစ်ဆင်နွှဲနေခဲ့ရတာလို့ သိရပါတယ်။
တိုက်ပွဲငြိမ်သက်သွားခြင်း မရှိသေးတာကြောင့် စစ်အုပ်စုဘက်က သေဆုံး ဒဏ်ရာရသူစာရင်းကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းယူပြီးနောက် ကယားပြည်နယ် (ကရင်နီ)အတွင်းမှာ KNDFက ခုခံစစ်ဆင်နွှဲခဲ့ရပြီး တိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုက ရာနဲ့ချီသေဆုံးကာ KNDFက ဒီကနေ့ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၄ဦးအပါအဝင် ရဲ ၁၆ဦးဟာ စစ်အာဏာရှင်လွတ်မြောက်ရေးတိုက်ပွဲတွေအတွင်း အသက်ပေးဆပ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ- KNDF