ကမ္ဘာ့ဖလား အာဖရိကဇုန် ဒုတိယအဆင့်ခြေစစ်ပွဲများ ပြီးစီး၊ တတိယအဆင့်ကစားရမည့် ၁၀ သင်း ထွက်ပေါ်

၁၇၊ နိုဝင်ဘာ၊ ၂၀၂၁။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန် ဒုတိအဆင့်ခြေစစ်ပွဲတွေ ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပြီး တတိယအဆင့်ကို တက်လှမ်းခွင့်ရရှိတဲ့ အသင်း ၁၀ သင်း အဖြေထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။
အဲ့ဒီ အသင်း ၁၀ သင်းကတော့ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ နိုင်ဂျီးရီးယား၊ ကင်မရွန်း၊ မာလီ၊ အီဂျစ်၊ ဂါနာ၊ ဆီနီဂေါ၊ မော်ရိုကိုနဲ့ ဒီအာရ်ကွန်ဂိုတို့ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား အာဖရိကဇုန် တတိယအဆင့်ခြေစစ်ပွဲတွေကို လာမယ့် ၂၀၂၂ ခုနှစ် မတ်လမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒုတိယအဆင့်ကိုကျော်ဖြတ်လာတဲ့ အသင်း ၁၀ သင်းကို နှစ်သင်း တစ်တွဲစီ တွဲဖက်ပေးမှာဖြစ်ပြီး အိမ်ကွင်း အဝေးကွင်းစနစ်နဲ့ ယှဉ်ပြိုင်စေကာ နှစ်ကျော့ပေါင်းရလဒ်နဲ့ အနိုင်ရတဲ့ အသင်းငါးသင်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားဖို့အတွက် ခြေစစ်ပွဲ အောင်သွားမှာဖြစ်ပါတယ်။