ဒေသအလိုက် သတင်းကဏ္ဍ

အမြန်လမ်းကားမှောက်မှုအတွင်း မြန်မာပြည်လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံလည်း သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၇အနီးမှာ ဒီကနေ့မနက်အစောပိုင်းကဖြစ်ခဲ့တဲ့ ခရီးသည် တင်ကား တိမ်း မှောက်မှုအတွင်းသေဆုံးသူတွေထဲမှာ  ရိုးရာလက်ဝှေ့မြန်မာပြည်ချန်ပီယံဟောင်း ရွှေဓူဝံလည်းပါဝင် တယ်လို့ ရိုးရာ လက်ဝှေ့အသိုင်းအဝိုင်းနဲ့မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေဆီကသိရပါတယ်။ အဲ့ဒီယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပါဝင်လုပ်ဆောင်ခဲ့တဲ့ တောင်ငူပရဟိတ အသင်းတာဝန်ရှိသူတဦးကတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းက စကျူးကျော်တာပါလို့ ပြောမိလို့ အလှောင်ခံလိုက်ရတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး

ယူကရိန်းက ရုရှားကို စတင် တိုက်ခိုက်ခဲ့တာလို့ ပြောမိတာကြောင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်တယောက် လူပုံအလယ်မှာ ရယ်မောလှောင်ပြောင် ခံခဲ့ရပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ် တယောက်လို့လည်း လူသိများတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အရေပြားကင်ဆာ ဖြစ်နိုင်တဲ့ အနာတခုကို ဘိုင်ဒန် ခွဲစိတ်မှု ခံယူ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ လက္ခဏာတွေ ပြသနေတဲ့ အနာတခုကို ခွဲစိတ်မှု ခံယူခဲ့ရကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့လက ပုံမှန် ဆေးစစ်မှု အစီအစဉ်မှာ အဲဒီအနာကို တွေ့ရှိတဲ့အတွက် ဆရာဝန်တွေက ခွဲစိတ်စေခဲ့တာ ဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မသုံးဘဲ သိမ်းထားတဲ့ Leopard 2 တင့်ကားတွေ ပြန်ရောင်းပေးဖို့ ဆွစ်ဇာလန်ကို ဂျာမနီ တောင်းဆို

ဝယ်ယူထားပြီး ထိထိရောက်ရောက် သုံးစွဲတာမျိုး မရှိတဲ့ Leopard 2 တင့်ကားတွေကို ပြန်ရောင်းချပေးဖို့ ဆွစ်ဇာလန်ကို ဂျာမနီက မေတ္တာ ရပ်ခံထားပါတယ်။ အဲဒီ အကြောင်းအရာအတွက် ဆွေးနွေးမှုကို ဆွစ်ဇာလန်နဲ့ ဂျာမနီ အစိုးရတွေက မတ်လ ၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စွန့်ခွာခဲ့ဖူးတဲ့ ယူကရိန်းမြို့ကို ရုရှား ပြန်သိမ်းယူဖို့ ကြိုးစားလာတာကြောင့် မြို့ခံတွေ အရေးပေါ် ရွှေ့ပြောင်း

တချိန်က စွန့်ခွာသွားတဲ့ မြို့တမြို့ကို ရုရှားတပ်တွေက တကျော့ပြန် သိမ်းပိုက်ဖို့ အားထုတ်လာတဲ့နောက် မြို့ခံပြည်သူတွေကို စတင် ရွှေ့ပြောင်းပေးနေရကြောင်း ယူကရိန်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ ခါကစ်ဗ် ပြည်နယ်မှာရှိတဲ့ ကူပီယန်ဆက်ခ်မြို့ဟာ ကျူးကျော်စစ်ပွဲ ကာလမှာ ရုရှားလက်အောက်ကို ကျရောက်ခဲ့ဖူးပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကွမ်ပနီဟာ တချိန်ချိန်မှာ မန်ချက်စတာ စီးတီး မန်နေဂျာ ဖြစ်လာမယ့်သူလို့ ဂွာဒီယိုလာ ဟောကိန်းထုတ်

အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွမ်ပနီဟာ တချိန်ချိန်မှာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံပြီး မန်ချက်စတာ စီးတီး မန်နေဂျာ ဖြစ်လာလိမ့်မယ်လို့ ပက်ပ် ဂွာဒီယိုလာက ပြောပါတယ်။  အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး စီးတီးရဲ့ အောင်မြင်တဲ့ နှစ်တွေမှာ အဓိက [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

လီဗာပူးကနေ ထွက်ခွာတော့မယ့် ဝါရင့် တိုက်စစ်မှူး ဖာမီနို

လီဗာပူး အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုဟာ အခုဘောလုံးရာသီ အကုန်မှာ အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။  အသက် ၃၁ နှစ်အရွယ် ဘရာဇီး ကစားသမားဟာ ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

စစ်ရာဇဝတ်မှုတွေကို အားဖြည့်ပေးဖို့ ဆက်လက် စီးဝင်နေဆဲ လေယာဉ်ဆီများ

မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေပေမယ့် မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်သွင်းမှုတွေကတော့ ဆက်ပြီး စီးဝင်နေဆဲလို့ Amnesty Internationalနဲ့ Global Witness အဖွဲ့တွေက မတ်လ ၁ ရက်မှာ ထုတ်ပြန်ခဲ့ကြပါတယ်။ ပြီးတော့ လေယာဉ်ဆီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်ထောင်တွင်းဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ နိုင်ကျဉ်းတွေ ထောင်တွင်း အခွင့်အရေးဆက်ပြီးချိုးဖောက်ခံနေရ

မတ်၊ ၃ ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ ထောင်တွင်းဆန္ဒပြမှုမှာပါဝင်လို့ အကြမ်းဖက်ဖြိုခွင်းခံထားရတဲ့ပုသိမ်ထောင်အတွင်းမှာ ဆန္ဒပြရာမှာပါဝင်တဲ့အကျဉ်းသားတွေဟာ ထောင်တွင်းမှာ အခွင့်အရေးချိုးဖောက်ခံရမှုတွေဆက်ပြီးဖြစ်နေတယ်လို့ ထောင်တွင်းသတင်းအရင်းအမြစ်ဆီကသိရပါတယ်။ ပုသိမ်ထောင်တွင်းက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုမဲကြီး၊ ကိုဖိုးလပြည့်။  ကိုစည်သူအောင်။ ကိုညီထွန်း၊ ဦးဝင်းထွန်းနိုင်စတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင်လည်း ထောင်တွင်းဖိနှိပ်ညှင်းပမ်းမှုတွေကြား ဒဏ်ရာကိုယ်စီရရှိထားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးရိုးမထဲစစ်ကြောင်းထိုးရာက စစ်ကားမှောက်လို့ အရာရှိနှစ်ဦးအပါအဝင်ခြောက်ဦးသေ

မတ်၊ ၃ ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ပဲခူးရိုးမထဲစစ်ကြောင်းထိုးဖို့လာရင်း စစ်ကားတိမ်းမှောက်ရာက ဗိုလ်မှူးတဦးအပါအ ဝင်ငါးဦးနေရာမှာပဲ သေဆုံးခဲ့သလို ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဗိုလ်ကြီးတဦး ဒီကနေ့ထပ်မံသေဆုံးသွားလို့ စုစုပေါင်းသေဆုံးသူ ခြောက်ဦးရှိသွားပြီလို့ ပဲခူးတိုင်းအခြေစိုက် စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်တခုက DNA ကို [ဆက်လက်ဖတ်ရှုရန်]