နိုင်ငံတကာရေးရာ

ရုရှားသူလျှို အဖွဲ့တခုကို ပိုလန်မှာ ဖမ်းဆီးရမိ

မတ်၊ ၁၆ ရုရှားအတွက် သူလျှိုအဖြစ် လုပ်ကိုင်ပေးနေတယ်ဆိုတဲ့ အဝန်းအဝိုင်း တခုကို ပိုလန်မှာ ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။  ပိုလန် အစိုးရ အရာရှိ နှစ်ဦးက ရုရှား သူလျှိုလို့ ယုံကြည်ရတဲ့ နိုင်ငံခြားသား တဖွဲ့ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂျပန်-တောင်ကိုရီးယား ထိပ်သီးတွေ့ဆုံပွဲ မတိုင်ခင် မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်

မတ်၊ ၁၆ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ခေါင်းဆောင်တွေ သမိုင်းဝင် တွေ့ဆုံမှု မတိုင်ခင် နာရီပိုင်း အလိုမှာ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် (ICBM) တစင်းကို ပစ်လွှတ်ပြခဲ့ပါတယ်။  မတ် ၁၆ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယားရဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ချန်ပီယံလိဂ်ကို မေ့ထားပြီး ရှေ့ပွဲတွေကို အာရုံစိုက်ဖို့ လီဗာပူး အသင်းသားတွေကို ကလော့ပ်တိုက်တွန်း

မတ်၊ ၁၆ ချန်ပီယံလိဂ်က အရေးနိမ့် ထွက်ခွာရတဲ့ ခြောက်အိပ်မက်ကနေ အမြန်ဆုံး နိုးထပြီး ရှေ့လာမယ့် ပွဲစဉ်တွေ အတွက် အပြည့်အဝ အာရုံစိုက်ကြဖို့ ကစားသမားတွေကို လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က တောင်းဆိုလိုက်ပါတယ်။  အင်္ဂလန် ထိပ်တန်းကလပ်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲမှာစစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့အရပ်သားလေးဦးဒဏ်ရာရ

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ပုလဲမြို့အထွေထွေအုပ်ချုပ်ရေးရုံးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာ အလည်ဘုံရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တလုံးမီးလောင်ကျွမ်းပြီး အရပ်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။  “အလယ်ဘုံရွာဆိုတာကပုလဲမြို့ပေါ်ကရပ်ကွက်တခုလိုပဲ။ထွေအုပ်ရုံးနဲ့က ၁ဖာလုံလောက်ပဲဝေးတာ။ထွေအုပ်ရုံးရေစင်ပေါ်ကနေရွာထဲကိုလက်နှက်ကြီးနဲ့ပစ်တာ ။ရွာအစွန်ကအဖွားတယောက်ရဲ့အိမ်ပေါ်ကျတာ။ရေတွင်းမိုးတဲ့အဆောင်လေးပါမီးလောင်တယ် ။ပြည်သူတွေဝိုင်းငြိမ်းလို့ဆက်မကူးတာ”လို့ပုလဲမြို့ကဒေသတွင်းအခြေနေတွေကိုဖော်ပြပေးနေတဲ့Pale Entertainmentကကိုနေသူရိန်ကပြောပါတယ် ။ အဆိုပါစစ်ကောင်စီတပ်တွေဟာဒေသခံပြည်သူတွေမီးငြှိမ်းသတ်နေချိန်မှာလည်းလက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်းသူကဆိုပါတယ်။ အဆိုပါလက်နှက်ကြီးထိမှန်မှုကြောင့်အဖွားအိုတဦးမှာပေါင်အချက်၂၀ချုပ်ရပြီး ၊နောက်အမျိုးသားတဦးဟာခြေသလုံးနှစ်ဖက်လုံးပွင့်ထွက်သွားခဲ့ပါတယ်။ နောက်တဦးဟာ၂ချက်ခန့်ချူပ်ရပြီးကျန်တဦးကတော့ လည်ပင်းနဲ့ ကျောမှာပေါက်ပြဲသွားခဲ့တယ်လို့သိရပါတယ်။ ပုလဲမြို့ပေါ်မျာစစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းမရှိတဲ့အခါမျိုးမှာမြို့ပြင်မထွက်ရဲပဲမြို့စောင့်တပ်အနေနဲ့သာနေထိုင်နေကြတယ်လို့‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်းဆိုကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းမှာ ရက်ပိုင်းပဲခြားပြီး တောဆင်ရိုင်းလေးကောင်အသတ်ခံနေရ

မတ်၊ ၁၅ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲက သစ်တောကြိုးဝိုင်းအတွင်းမှာ  ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က အသတ်ခံထားရတဲ့ တောဆင်ရိုင်းနှစ်ကောင်ကိုထပ်တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ က ကညင်ကွင်း သစ်တောကြိုးဝိုင်းကွက်  တောတွင်းချောင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတချို့အထူးအယူခံတက်မယ်

မတ်၊ ၁၅ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ ပက်သက်ပြီး တချို့အမှုတွေကို အမြင့်ဆုံးတရားရုံးတွေမှာ အထူးအယူခံတွေ ဆက်တက်ရေမှာဖြစ်တယ်လို့ တရားရေး အသိုင်းအဝိုင်းကသိရပါတယ်။ အထူးအယူခံတက်နိုင်ဖို့အတွက်အတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော် အကျဉ်းထောင်တွင်းကနေ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီလကတည်းက  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဦးမှာ အိမ်စီးကားတစီးအပစ်ခံရပြီး တဦးသေဆုံး၊ ကလေးငယ်တဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

မတ်၊ ၁၅ မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာအနီးမှာ ဒီကနေ့ (မတ် ၁၅ ရက်) နံနက်ပိုင်းက အိမ်စီးကားတစီးပစ်ခတ်ခံရတာကြောင့် အမျိုးသားတဦးသေဆုံးပြီး ကလေးငယ်တဦးအပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ လူသုံးဦးလိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားကို ကျောင်းရွာကျေးရွာအနောက်ဘက်လမ်းမပေါ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာမြို့နယ်၊ ထနောင်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ် မီးရှို့လို့ အသက်၇ဝအရွယ် သုံးဦးမီးလောင်သေဆုံး

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းကုန်းကျေးရွာကိုစစ်ကောင်စီတပ်တွေကဒီကနေ့မတ်လ၁၅ရက်နေ့ မနက်၆နာရီအချိန် မှာစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ပြီး အိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့လို့ အသက် ၇၀ အရွယ် လူသုံးဦး မီးလောင်သေဆုံးခဲ့ပြီး ဒေသခံ ၅၀၀ ခန့်ဆားလင်းကြီးဘက်စစ်ရှောင်ရတယ်လို့သိရပါတယ်။ “စစ်ကြောင်းကအခုတော့ထွက်သွားပြီ။ကျွန်တော်တို့အခုမီးငြှိမ်းနေတယ်။ပြည်သူ၃ဦးသေဆုံးပြီး၃၅အိမ်လောက်မီးလောင်တယ်။သတင်းအချက်အလက်အတိအကျကိုတော့မသိရသေးဘူး။အခုမှနယ်မြေရှင်းလင်းရေးလုပ်နေရတာ”လို့မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ကျွန်းလှမြို့နယ်မှာဒေသခံတွေကို ပြည်သူ့စစ်သင်တန်းတတ်ရောက်ဖို့ပျူစောထီးတွေကဖိအားပေး

မတ်၊ ၁၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေကအခုရက်ပိုင်းမှာဒေသခံပြည်သူတွေကိုပြည်သူ့စစ်သင်တန်းတတ်ရောက်ဖို့အတင်းအကျပ်ဖိအားပေးနေတယ်လို့သိရပါတယ်။ “ဒီမတ်လ၁၄ရက်နဲ့၁၅ရက်မှာကျွန်းလှမြို့နဲ့ကပ်လျက်က ရှမ်းစုကျေးရွာနဲ့တပ်ကုန်းကျေးရွာကိုပျူစောထီးတွေကအစည်းအဝေးခေါ်၊မဲနိုက်ပြီးကျတဲ့သူတွေကိုမတတ်မနေရတတ်ရောက်ရမယ် ။မတက်ရင်နေအိမ်မီးရှို့မယ်ခြိမ်းခြောက်တယ်”လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) က DNAကိုပြောပါတယ်။ အဆိုပါအစည်းဝေးကိုမတ်လ၁၄ရက်နေ့က ရှမ်းစု  ကျေးရွာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး သန်းထိုက် နဲ့ နောက်လိုက်ငတူးနဲ့ငဝင်းတို့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ် လက်ချက်နဲ့ အစုအပြုံလိုက်အသတ်ခံရတဲ့ဖြစ်စဉ် ခြောက်ဆယ်ကျော်အထိရှိနေ

မတ်၊ ၁၅ အာဏာသိမ်းစစ်တပ်က ဒီကနေ့အထိ လူငါးဦးနဲ့အထက် အစုအပြုံလိုက်သတ်ဖြတ်တဲ့ ဖြစ်စဉ် (၆၄) ခုအထိကျူးလွန်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်တွေအတွင်း လူ (၇၆၆)ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG)က ဒီကနေ့ထုတ်ပြန်ပါတယ်။ အာဏာသိမ်းပြီးနောက် လူထုသပိန်ဆန္ဒပြပွဲတွေကတည်းက အစုအပြုံလိုက်သတ်ဖြတ်မှုတွေကျူး လွန်ခဲ့တဲ့စစ်ကောင်စီဟာ [ဆက်လက်ဖတ်ရှုရန်]