ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ဆည်မှာ ရွာလုံခြုံရေးအကြောင်းပြချက်နဲ့ ပျူစောထီးဖွဲ့ဖို့ စစ်အုပ်စုကြံစည်

မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်အတွင်း ရပ်ရွာလုံခြုံရေးလို့ဆိုကာ ပျူစောထီးဖွဲ့ဖို့ အကြမ်းဖက်စစ်အုပ်စုက ကြံစည်နေကြောင်းသိရပါတယ်။ ကျောက်ဆည်ခရိုင်အတွင်း တစ်ရွာကိုလူ၂၀ကျ သင်တန်းတက်ဖို့နဲ့ သင်တန်းကို ရွာတွေမှာ လာရောက်ပို့ချပေးမယ်လို့ သိရပါတယ်။ဒါ့အပြင် လစာနဲ့လက်နက်ပေးပြီး လိုအပ်ရင် ရှေ့တန်းခေါ်မယ် လို့ ဧပြီ၂၉ရက်နေ့အစည်းအဝေးမှာ အုပ်ချုပ်ရေးမှူးတွေကို စစ်အုပ်စုကပြောကြားကြောင်း ကျောက်ဆည်နဂါးနီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တွင်းနက်ကြီးတွေအဖြစ် ကျန်ခဲ့

ကယားပြည်နယ် ဒီးမောဆိုမြို့မှာရှိတဲ့ ဟိုဖိတ်နဲ့ သပြေတောကျေးရွာကြားမှာ စစ်အုပ်စုက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကျန်ရစ်ခဲ့တဲ့ မြေပြင်အခြေအနေတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၉က မေ ၂ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။ စစ်အုပ်စုက လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စလင်းမြို့ပေါ် တင့်ဖျက်မိုင်းအကြီးနှစ်လုံးနဲ့တိုက်ခိုက်မှု ရဲ ၆ဦးသေ

ဒုတိယအကြိမ်တိုက်တိုင်းအောင်စစ်ဆင်ရေးအဖြစ် မကွေးတိုင်း၊စလင်းမြို့ပေါ် ကင်းလှည့်နေတဲ့ အကြမ်းဖက်ရဲတွေကို တင့်ဖျက်မိုင်းအကြီး၂လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ရဲ၆ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ ၁ ရက်၊ ည ၉ နာရီ ၅၅ မိနစ်လောက်က ဆိုင်ကယ် ၅ စီးနဲ့ ရဲ၉ဦးပါ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာ၊ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်းဂိတ် တိုက်ခိုက်ခံရ၊ သေဆုံးထိခိုက်များနိုင်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းရှိ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်း ကွန်ကရစ်လမ်းထိပ် စစ်ဆေးရေးဂိတ်ကို ပ.က.ဖ(မတ္တရာ)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်များနိုင်ကြောင်း သိရပါတယ်။ ဒီနေ့မနက်၂နာရီမိနစ်၂၀ကျော်က မတ္တရာမြို့နယ် ၊ဝသုန္ဒရကျေးရွာ အနီး မန်း-မိုးကုတ်လမ်းမကြီး ပေါ်ရှိ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်းစစ်ဆေးရေးဂိတ်ကို ပ.က.ဖ(မတ္တရာ)က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာနိုင်ငံ ပဋိပက္ခတွေ ပြေလည်စေရေး ဗီယက်နမ်-ဂျပန် ပူးပေါင်းလုပ်ဆောင်မယ်

မြန်မာနိုင်ငံ ပဋိပက္ခတွေ ပြေလည်စေဖို့အတွက် ဗီယက်နမ်နဲ့ ဂျပန် အတူပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ ဗီယက်နမ်ခရီးစဉ်အတွင်း မေ၁ရက်နေ့က အဲဒီလို ပြောခဲ့ကြောင်း VOA ကဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူ-ဆိပ်ဖြူကားလမ်းမအနီး စစ်ကား မိုင်းဆွဲခံရပြီး ၁၀ဦးသေ

မကွေးတိုင်းအတွင်းရှိ တန့်ကြည်တောင်ဘုရားဘက်ကနေ ပခုက္ကူ-ဆိပ်ဖြူကားလမ်းမကြီးပေါ် ကူးသန်းသွားလာရတဲ့လမ်းပိုင်းပေါ် လှည့်လည်နေတဲ့ အကြမ်းဖက်စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် သား၁၀ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ မေလ၁ရက်နေ့ မနက်၁၀နာရီလောက်က မုံတောင်လမ်းပိုင်းပေါ်ရှိ မုံတောင်အန္တရာယ်ကွေ့မှာ မြစ်ခြေ-ကျွန်း ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KC DF)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကားတစ်စီးထိခိုက် ပျက်စီးခဲ့တယ်လို့ မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဖိလစ်ပိုင်မှာ နေအိမ်အလုံး ၈၀ကျော်မီးလောင် လူ ၈ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာအနီးမှာ  နေအိမ်မီးလောင်မှုကြောင့် ကလေးငယ် ၆ဦးအပါအဝင် လူ ၈ဦးသေဆုံးခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။  ဒီကနေ့ မေလ ၂ရက်နေ့ မနက် ၅နာရီလောက်မှာ မီးစလောင်တာဖြစ်ပြီး နေအိမ်အလုံး ၈၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။  လူနေအိမ်ထူထပ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

Xiaomi ကုမ္ပဏီရဲ့ ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ကို အိန္ဒိယအစိုးရသိမ်း

အိန္ဒိယရဲ့ နိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာဥပဒေကို ချိုးဖောက်ပြီး တရားမဝင် ငွေကြေးလွှဲပြောင်းခဲ့တဲ့ စွပ်စွဲချက်နဲ့ တရုတ် စမတ်ဖုန်းကုမ္ပဏီ Xiaomi ဆီကနေ အမေရိကန်ဒေါ်လာ ၇၂၅သန်း သိမ်းယူလိုက်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ဧပြီလ ၃၀ရက်နေ့က ပြောပါတယ်။  Xiaomi ကုမ္ပဏီရဲ့ ဒေသန္တရဌာနခွဲကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြံ့ဖွံ့အမတ်လောင်း သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ သန်လျင်မြို့မှာ ကြံ့ဖွံ့ပါတီ အမတ်လောင်းတစ်ဦးဖြစ်ပြီး သွေးသောက်အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူ ဦးရန်နိုင်ရွှေကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၁ရက်နေ့ ညနေ ၆နာရီလောက်က ဆံပင်ညှပ်ဆိုင်တစ်ခုအတွင်း ဆံပင်ညှပ်နေတဲ့ ဦးရန်နိုင်ရွှေကို သန်လျင်ပကဖက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒလမြို့နယ်မှာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရမ်းကားနေသူဆိုတဲ့ အမျိုးသားတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ ဒလမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရမ်းကားနေသူဆိုတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၁ရက်နေ့ ည ၇နာရီလောက်က လူမိုက်ကရင်ဆိုသူကို ဒလ တွံတေးကားလမ်း ကျန်းမာရေးဝန်ထမ်း [ဆက်လက်ဖတ်ရှုရန်]