ဒေသအလိုက် သတင်းကဏ္ဍ

နန်းဖဲကျေးရွာအနီးမှာ ရိက္ခာပို့တဲ့ စစ်အုပ်စုယာဉ်တန်းနဲ့ KNDF တိုက်ပွဲဖြစ် ၊ စစ်ကားနှစ်စီးပျက်စီး

ကရင်နီပြည်နယ်၊ နန်းဖဲကျေးရွာမှာ ဘောလခဲမြို့နယ်ဘက်ကို ရိက္ခာသွားပို့တဲ့ စစ်အုပ်စုယာဉ်တန်းနဲ့ ကရင်နီ ပူးပေါင်းတပ် (KA,KNDF B-16) တို့ မေလ ၄ ရက်နေ့ မနက် ၄ နာရီ ဝန်းကျင်လောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Karenni’s [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်သူကို အနားမပေးဘဲ ဒူးထောက်အညံ့ခံတဲ့အထိ အရှိန်မြှင့်တိုက်ခိုက်ဖို့ အချိန်ရောက်ပြီလို့ ကာကွယ်ရေးဝန်ကြီးပြော

ရန်သူကို အနားမပေးဘဲ ပြည်သူ့ရှေ့မှောက် စစ်အာဏာရှင်တွေ ဒူးထောက်အညံ့ခံတဲ့အထိ အဆက်မပြတ် အရှိန်မြှင့် တိုက်ခိုက်ကြဖို့ အချိန်ရောက်ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PDF ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တစ်နှစ်ပြည့်နေ့အဖြစ် GSCB နှိုးဆော်

ဒီနေ့မေလ ၅ ရက်နေ့ဟာ “ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF” ဖွဲ့စည်းတည်ထောင်ခြင်း ထုတ်ပြန်ကြေညာခဲ့တဲ့ တစ်နှစ်ပြည့်နေ့အဖြစ် ပြည်သူလူထုအ‌နေနဲ့ တော်လှန်ရေးတိုက်ပွဲတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ GSCB က နှိုးဆော်တိုက်တွန်းထားပါတယ်။ “နွေဦးအစ CDM က နွေဦးအသံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မလဲသာရွာမှာ မီးရှို့ခံရတဲ့ ရုပ်အလောင်းဟာ မျက်မမြင်အမျိုးသား ဖြစ်နိုင်

စစ်ကိုင်းတိုင်း၊ အရာတော်တောင်နယ်၊ မလဲသာကျေးရွာက အိမ်ခြေ ၅၀၀ နဲ့အတူ မီးရှို့ခံရတဲ့ ရုပ်အလောင်းဟာ မျက်မမြင် အမျိုးသားတစ်ဦး ဖြစ်နိုင်တယ်လို့ သိရပါတယ်။ မေလ (၂) ရက်နေ့က အရာတော်တောင်နယ်၊ မလဲသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာကြေင့် အိမ်ခြေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သား၂ ဦး သေနတ် ၃ လက်နဲ့အတူ အလင်းဝင်၊ လက်နက်ပြန်ရရေး ပြည်သူကို ဖမ်းဆီးနှိပ်စက် ဓားစာခံလုပ်

စစ်သား၂ ဦး သေနတ် ၃ လက်နဲ့အတူ CDF-Matupi ထံ အလင်းဝင်လာပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ လက်နက်ပြန်လည်ရရှိရေးအတွက် ပြည်သူတွေကို ဓားစားခံလုပ် ဖမ်းဆီးနှိပ်စက်နေကြောင်း သိရပါတယ်။ ဧပြီ ၂၁ ရက်နေ့က မတူပီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ဗျူဟာစခန်းက တပ်သားချစ်ကိုကိုနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်မှာ ရာသီဥတုဆိုးရွားမှုကြောင့် လူ၂၀ကျော်သေဆုံးပြီး အိမ်ရာချီပျက်စီး

အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုကြောင့် လူ ၂၂ဦးသေဆုံးခဲ့ပြီး အိမ်ရာချီ ပျက်စီးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနတာဝန်ရှိသူတဦးက ဒီကနေ့ မေလ ၅ရက်နေ့က ပြောပါတယ်. အာဖဂန်ပြည်နယ်တွေရဲ့ သုံးပုံတပုံကျော်မှာ ရေဘေးပြဿနာရဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ကောက်ပဲသီးနှံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ပြည်နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုယာဉ်တန်းကို CDF-Mindat ကြားဖြတ်တိုက်ခိုက်

ချင်းပြည်နယ် မတူပီကနေ မင်းတပ်မြို့ဘက်ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကား ၇၃စီးပါ ယာဉ်တန်းကို CDF-Mindatက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၅ဦးထက်မနည်းသေဆုံးပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တယ်လို့ CDF-Mindatက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၄ရက်နေ့ ၃နာရီခွဲလောက်က စတင်ကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်မြို့နယ် ပရိမ္မကျေးရွာမှာရှိတဲ့ PDFစခန်းတစ်ခု စီးနင်းခံရ

မြောင်မြို့နယ် ပရိမ္မကျေးရွာရှိ အထက်တန်းကျောင်းဝင်းအတွင်းမှာ စခန်းချထားတဲ့ မြောင်ဒေသခံပြည်သူ့ကာကွယ်ရေး တပ်စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံခဲ့ရတယ်လို့ The 74 Media မှာ ဖော်ပြထားပါတယ်။ ဒီကနေ့ မေလ ၄ရက်နေ့ မနက် ၅နာရီလောက်မှာ ဝင်ရောက်စီးနင်းခံခဲ့ရတာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ ရက်စက်တဲ့ရာဇဝတ်မှုတွေကို ရုရှားရင်းနှီးမြှုပ်နှံတွေက ထပ်မံအားပေးကူညီလိမ့်မယ်

ရုရှားရင်းနှီးမြှုပ်နှံမှုတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ထပ်မံ အားပေးကူညီ လိမ့်မယ်လို့ Justice For Myanmar ကပြောပါတယ်။ ရုရှားထရပ်ကားကုမ္ပဏီကြီး Kamaz ရဲ့ ခေါင်းဆောင်ဖြစ်သူဟာ မြန်မာနိုင်ငံမှာ ထရပ်ကား ထုတ်လုပ်ရေးအတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပြည်သာ ၉ရပ်ကွက်ရုံး ပစ်ခတ်ဖောက်ခွဲခံရ

ဒီနေ့မနက်၅နာရီကျော်လောက်မှာ ရွှေပြည်သာမြို့နယ်၊၉ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်ဖောက်ခွဲခဲ့ တယ်လို့ သိရပါတယ်။ ပစ်ခတ်ဖောက်ခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရှိသေးဘူးလို့ ရွှေပြည်သာမြို့နယ်ကာကွယ် ရေးတပ်ဖွဲ့ကဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။ ၉ရပ်ကွက်ရုံးတိုက်ခိုက်ခံရမှုဟာ ပြင်းထန်မှုမရှိကြောင်း ရွှေပြည်သာမြို့နယ်အတွင်းရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ‘မနက်က ဈေးထဲမှာကြားရတာကတော့ နှစ်မျိုးဖြစ်နေတယ်။တစ်မျိုးက ရပ်ကွက်ရုံးမှာ [ဆက်လက်ဖတ်ရှုရန်]