ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင်ပုံကို ခြေထောက်နဲ့နင်းပြီး ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ ကလေးမြို့ပင်မသပိတ်အဖွဲ့က ဆန္ဒပြလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ကလေးမြို့ မီးပွိုင့်လမ်းဆုံအပါအဝင် ရပ်ကွက်ထဲက လမ်းမပေါ်တွေမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကပ်ပြီး ခြေထောက်နဲ့ နင်းတာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖလမ်းမြို့မှာ စစ်အုပ်စုပစ်ခတ်မှုကြောင့် တောင်ယာကပြန်လာတဲ့ ရွာသားတစ်ဦးသေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဇူလိူင်လ ၂ ရက်နေ့က အကြမ်းစစ်အုပ်စုပစ်ခတ်လို့ တောင်ယာကနေပြန်လာတဲ့ လျံဇွားလ်ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်ကဲ့ တစ်ယောက်သတ်ခံရတယ်လို့တော့ကြားတယ်။ နာမည်တော့မသိဘူး။ ဒီနေ့လည်း ဖလမ်းဘက်ကို ခြေလျင်နဲ့လာနေကြတယ်လို့ မြို့ထဲမှာပြောနေကြတယ်” လို့ ဖလမ်းမြို့ခံတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ် – ထီးခီးလမ်းတလျှောက်နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-ထီးခီးလမ်းတလျှောက်နေရာအနှံ့မှာ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ဒီကနေ ဇူလိုင် ၃ရက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။ ​အခုလို လမ်းပိုင်းတလျှောက် တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ၊ ခရီးသွားပြည်သူတွေအနေနဲ့ အဲ့ဒီလမ်းပိုင်းကိုအသုံးမပြုဖို့နဲ့ နောက်ထပ်ထုတ်ပြန်ချက်တစ်စုံတရာထုတ်ပြန်မှုမရှိမခြင်း လိုက်နာကြဖို့ကိုလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟောင်ကောင်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောသား ၂၀ကျော် ပျောက်ဆုံးနေ

တောင်တရုတ်ပင်လယ်မှာ ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောသား ၂ ဒါဇင်ကျော် ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးသမားတွေက သူတို့ကို ရှာဖွေဖို့ ကြိုးစာနေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟောင်ကောင်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၆၀ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဥရောပမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု သုံးဆတိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်

လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ဥရောပမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု သုံးဆတိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ ရှားပါးရောဂါကို ဥရောပတိုက်ကြီးပေါ်မှာ အမြစ်တွယ်မှုမဖြစ်စေဖို့အတွက် ဒေသတွင်းနိုင်ငံတွေအနေနဲ့ သေသေချာချာပိုမိုလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဥရောပရဲ့ကူးစက်မှုအရေအတွက်ဟာ ကမ္ဘာလုံးဆိုင်ရာစုစုပေါင်းအရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဥရောပတိုက်မှာရှိတဲ့ နိုင်ငံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သမုဒ္ဒရာဆိုင်ရာညီလာခံမှာ ထိုင်ဝမ် တက်ရောက်ခွင့် မရတဲ့အပေါ် ကုလကန့်ကွက်ခံရ

ပေါ်တူဂီနိုင်ငံမှာ ကျင်းပခဲ့တဲ့ သမုဒ္ဒရာဆိုင်ရာညီလာခံမှာ ထိုင်ဝမ်ကို ပါဝင်ခွင့် မပြုတာနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂကို ကန့်ကွက်ကြောင်း Palau နိုင်ငံကိုယ်စားလှယ်က  ဇူလိုင်လ ၁ရက်နေ့မှာ ပြောလိုက်ပါတယ်။  “ကုလသမဂ္ဂက ထိုင်ဝမ်ပြည်သူ ၂၃ သန်းရဲ့ အသံတွေကို ဖယ်ရှားလိုက်တယ် ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းက LGBT တစ်ဦးကို အဓမ္မပြုကျင့်ဖို့ ကြံစည်

မုံရွာအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတစ်ဦးက အကျဉ်းကျနေတဲ့ LGBT တစ်ဦးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ LGBT Alliance Myanmar က ဇူလိုင်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ မုံရွာအကျဉ်းထောင်ဝန်ထမ်း တစ်ပွင့်ဗိုလ်ဇော်ဇော်အောင် (ခ) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ညောင်လေးပင်ခရိုင်ထဲက စစ်တပ်စခန်းတချို့ကို KNLA သိမ်းယူ၊ ကြောင်ပြာစခန်းတိုက်ပွဲမှာ စစ်တပ်က တပ်ရင်းမှူး သေ

ဇူလိုင်လ ၂ ရက်နေ့က အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတချို့ကို တပ်မဟာ(၃)ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ KNU ဗဟိုရဲ့ လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်သွားပါတယ်။ ဇူလိုင်လ (၂) ရက်နေ့ မနက် ၅ နာရီလောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CGF-YGN ပြောက်ကျားအဖွဲ့အပြီးဖျက်သိမ်းကြောင်းထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို ဦးတည်ပြီး ပြောက်ကျားစစ်ဆင်ရေးတွေလုပ်ဆောင်နေတဲ့ Civil Guerrilla Force (CGF-Yangon)အနေနဲ့ အဖွဲ့ကိုအပြီးအပိုင်ဖျက်သိမ်းလိုက်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့ဖျက်သိမ်းကြောင်းကို Civil Guerrilla Force (CGF-Yangon)အဖွဲ့က ဇူလိုင် ၂ရက်ညပိုင်းမှာ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့်ကြေညာခဲ့တာပါ။ တပ်ဖွဲ့ဝင်ရဲဘော်တွေအားလုံး အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးတာခံခဲ့ရတဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းတောင်ပိုင်းက လူနေအဆောက်အအုံတချို့ကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်

ယူကရိန်းနိုင်ငံတောင်ပိုင်း Odesa မြို့အနီးရှိ လူနေအိမ်အဆောက်အအုံနဲ့ အပန်းဖြေစခန်းတစ်ခုကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်တာကြောင့် ကလေး ၁ ဦးအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင်လ ၁ရက်နေ့မှာ ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]