ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ စစ်အုပ်စုအဖွဲ့ အလစ်အငိုက်မှာ အနီးကပ်ပစ်ခတ်ခံရလို့ ငါးဦးသေဆုံး

မတ် ၊ ၂၄  မကွေးတိုင်း ၊ရေစကြိုမြို့နယ်အခြေစိုက်ထား စစ်ကောင်စီရဲ့ စစ်ကြောင်းအဖွဲ့ မနေ့က နေ့ခင်းပိုင်းမှာ အလစ်အငိုက် အနီးကပ်ပစ်ခတ်ခံရလို့ ၅ ဦးသေဆုံးသွားတယ်လို့ ရေစကြို ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူ တဦးကပြောပါတယ်။ မနေ့က မတ်လ ၂၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန် စစ်သင်္ဘောကို မောင်းထုတ်ခဲ့ကြောင်း တရုတ်ရဲ့ ပြောဆိုမှုကို အမေရိကန် ငြင်းပယ်

မတ် ၊ ၂၄ အမေရိကန် စစ်သင်္ဘော တစီးကို မောင်းထုတ်ခဲ့တယ်လို့ တရုတ် ရေတပ်ရဲ့ ကြွားဝါပြောဆိုနေမှုကို အမေရိကန်ဖက်က ငြင်းပယ်သွားခဲ့ပါတယ်။  အစောပိုင်းတုန်းက တရုတ်​ ရေတပ်ဟာ တောင်တရုတ် ပင်လယ်ထဲက တရုတ် ထိန်းချုပ်ထားရာ ကျွန်းစုတွေနား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဒုတိယ ကမ္ဘာစစ်လက်ကျန် တင့်ကားတွေပါ ထုတ်သုံးနေလို့ အလှောင်ခံနေရတဲ့ ရုရှားစစ်တပ်

မတ် ၊ ၂၄ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ညာလက်ရုံးလည်းဖြစ်၊ ကိုယ်တိုင်လည်း ရုရှား သမ္မတဟောင်း တဦးဖြစ်တဲ့ ဒီမီထရီ မက်ဗီဒက်ဗ်က ရုရှားဟာ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး တင့်ကားတွေကို ပိုင်ဆိုင်ထားပြီး [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

လက်ရွေးစင် အသင်းအတွက် ဂိုးတွေသွင်းရင်း နိုင်ငံတကာ စံချိန်သစ်တွေ ထပ်တင်နေတဲ့ ရော်နယ်လ်ဒို

မတ် ၊ ၂၄ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး ပထမဆုံး လက်ရွေးစင် ပွဲစဉ်မှာ ဂိုးတွေ သွင်းယူခဲ့တဲ့နောက် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နိုင်ငံတကာ စံချိန်သစ်တွေ ထပ်တင်နိုင်ခဲ့ပါတယ်။  ၂၀၂၄ ခုနှစ်၊ ဥရောပဖလား ခြေစစ်ပွဲအဖြစ် လက်ချ်တင်စတိန်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဘိုင်ယန် မန်နေဂျာ ဖြစ်လာဖို့ သတင်းကြီးနေတဲ့ ချဲလ်ဆီး မန်နေဂျာဟောင်း တူဟဲလ်

မတ် ၊ ၂၄ ဘိုင်ယန် မြူးနစ် အသင်းဟာ လက်ရှိ မန်နေဂျာ ဂျူလီယန် နာဂယ်လ်စ်မန်းကို ထုတ်ပယ်ပြီး ချဲလ်ဆီး မန်နေဂျာဟောင်း သောမတ်စ် တူဟဲလ်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူးမြို့မှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်

မတ်၊ ၂၃   စစ်ကိုင်းတိုင်း တမူးမြို့နယ်မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းအနီး ကွန်းတောင်းရွာမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဒီကနေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက DNA ကို ပြောပါတယ်။   ကွန်းတောင်းရွာအနီးမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသစ် ခန့်အပ်ပြီး နှစ်ပတ်ကျော်အကြာမှာ ပစ်ခတ်ခံရလို့ သေဆုံး

မတ်၊ ၂၃   ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ် တဦးဟာ စစ်ကောင်စီက ခန့်ထားခံရပြီးနောက် ၁၆ ရက် အကြာမှာ သေနတ်သမားသုံးဦးပတ်ခတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။   စစ်ကောင်စီက မတ် ၆ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖမ်းဆီးခံထားရတဲ့ မုံရွာဒေသကာကွယ်ရေးအဖွဲ့ဝင်၁၄ဦးကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီစွပ်စွဲ

မတ်၊ ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီးမှာ Anonymous အမည်ခံ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၄ ဦးကိုလက်နက်က်ခဲယမ်းဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီကမတ်လ၂၂ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ လူသုံးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့စွပ်စွဲထားသလို  သူတို့ ဖမ်းဆီးထားတဲ့ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတဦးနဲ့ ကလေးငယ် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

တရုတ်၊ ပါကစ္စတန်တို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ကိုယ့်ရှူးကိုယ်ပတ်နေတဲ့ မြန်မာစစ်တပ် (စနေ မနက် ၉း၀၀ နာရီတင်ရန် ဆောင်းပါး)

မတ်၊ ၂၅ ပြည်တွင်းက အရပ်သား ဧရိယာတွေ၊ တိုင်းရင်းသား ပြည်သူလူထုတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကျင့်ဝတ်မဲ့ ကျူးလွန်ဖို့အတွက် မြန်မာ စစ်ကောင်စီဟာ တိုက်လေယာဉ်တွေ ပိုမို ဖြည့်တင်း ဝယ်ယူလာရပါတယ်။ ဒီလိုနဲ့ JF-17 တိုက်လေယာဉ်တွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမြို့နယ်မှာ စစ်ကောင်စီလက်ချက်နဲ့ အသက်၆၅နှစ်အရွယ်အမျိုးသားတဦးသေဆုံး

မတ်၊ ၂၃ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊မြကန်ကျေးရွာကိုဒီကနေ့မတ်လ၂၃ရက်၊မနက်၈နာရီအချိန်ကစစ်ကောင်စီတပ်တွေဟာ လက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး အသက်၆၅နှစ်အမျိုးသားတဦးကိုရိုက်နှက်သတ်ဖြတ်သွားခဲ့တယ်လို့သိရပါတယ်။  “စစ်ကြောင်းထိုးလာတော့ရွာကလူတွေကပြေးကြရှောင်ကြဖို့ပြင်ကြတာပေါ့ ။အဲ့ဒီဦးလေးကလည်း ရှောင်ဖို့ဆိုင်ကယ်ပေါ်အထုပ်ကလေး၂ထုပ်တင်ထားတာပြီးထွက်မယ့်အချိန်ကိုဖမ်းမိတာ ။ရိုက်နှက်ပြီးတော့ပစ်သတ်သွားတယ်”လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကသာစစ်လင်းကပြောပါတယ်။  သေဆုံးသူမှာအသက်၆၅နှစ်အရွယ် ဦးညိုတင်ဖြစ်တယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီတပ်တွေဝင်ရောက်လာချိန်မှာနေအိမ်တအိမ်ကိုလည်းမီးရှို့ခဲ့သေးတယ်လို့သိရပါတယ် ။  အဆိုပါစစ်ကောင်စီတပ်တွေဟာ မူးတိမ်းချောင်းဘက်ကနေဝင်‌ရောက်လာတဲ့စစ်ကြောင်းနဲ့ရွာသစ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနှစ်ကြောင်းညှပ်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။  စစ်ကောင်စီတပ်တွေဟာကျေးရွာအတွင်းစစ်ကြောင်းထိုးမွှေနှောက်ရိက္ခာသယ်သွားပြီး မနက်၁၀နာရီအချိန်ကပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ် ။  စစ်ကောင်စီတပ်တွေဝင်ရောက်ချိန်ကမြကန်ကျေးရွာအပါအဝင်အနီး [ဆက်လက်ဖတ်ရှုရန်]