နိုင်ငံရေး

ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဘတ်စ်ကားပေါ်အထိတက်ပြီး စစ်ဆေးနေ

ဇွန်၊ ၁၉   ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း အများပြည်သူသုံး YBS ဘတ်စ်ကား တွေပေါ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။ ” စစ်တာတော့ ယောကျ်ားလေးတွေပဲ စစ်တယ်၊ အိတ်တွေ ဖွင့်စစ်တာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

“မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်”

ဇွန်၊ ၁၉   ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့တနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူနဲ့အတူ ” We Miss You [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဆော်ဒီကလပ်ဆီ နီဗက်စ်ကို စံချိန်တင် စျေးနှုန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်တဲ့ ဝုလ်ဗ်

ဇွန်၊ ၁၉ အသင်းခေါင်းဆောင် ရူဘန် နီဗက်စ်ကို ဆော်ဒီအာရေးဘီယား ဘောလုံးကလပ် အယ်လ်ဟီလယ်လ်ဆီ ရောင်းချဖို့ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ဝုလ်ဗ်ဗာဟမ်ပတန် ဝမ်ဒါရာစ် အသင်းက သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။ ဝုလ်ဗ်နဲ့ စာချုပ်သက်တမ်း ၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေဘိုနဲ့စစ်ကိုင်းမှာ ပီဒီအက်ဖ်နှစ်ဦးအပါအဝင် ခြောက်ဦးအသတ်ခံရ

ဇွန်၊ ၁၈   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ စစ်ကိုင်းမြို့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)နှစ်ဦး အပါအဝင် ခြောက်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက DNA သတင်းဌာနကို ပြောပါတယ်။   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားတဦးသေဆုံး

ဇွန်၊ ၁၈   စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပေါ် မှာ စစ်ကောင်စီတပ်က ဒီကနေ့ ဇွန်လ ၁၈ ရက်ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးမြို့ တောင်ဘက် လေးမိုင်အကွာ ထိုမာကျေးရွာ က အမျိုးသားတဦး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သား လေးဦးကို ဖမ်းဆီးရမိ

ဇွန်၊ ၁၈   မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ကားလမ်းပိုင်းမှာ ဇွန်လ ၁၈ ရက် ဒီကနေ့ မနက်ပိုင်းက တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ လမ်းသွားလမ်းလာတွေကို ရှောင်တခင်စစ်ဆေးရာမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောက်ဥက္ကလာမြို့နယ်က မြတ်မောင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး လုံခြုံရေးနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ

ဇွန်၊ ၁၈   ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဈရပ်ကွက်၊ ဘုမ္မလမ်း ထိပ်မှာရှိတဲ့ မြတ်မောင်ရွှေဆိုင် ကို ဒီကနေ့ ဇွန်လ ၁၈ ရက် ညပိုင်းက လူတစုက ဝင်ရောက်‌ဓါးပြတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးဝန်ထမ်းတွေလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာယာဝတီနဲ့ နတ်တလင်းမှာ စစ်ကောင်စီ လုံခြုံရေးဂိတ်တချို့ ဖျက်သိမ်းပြီး ကင်းပုန်းဆက်ထားနေ

ဇွန်၊ ၁၈   ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နဲ့ နတ်တလင်းမြို့တည်ရှိရာ ရန်ကုန်-ပြည်လမ်းမကြီး ပေါ်မှာ ရှိနေတဲ့ စစ်ကောင်စီ လုံခြုံရေးဂိတ်စခန်း တချို့ကို မနေ့ဇွန်လ ၁၇ နေ့ကစပြီး ဖျက်သိမ်းနေတယ်လို့ အဲဒီလမ်းမှာ သွားလာနေတဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်ကြီးမြို့၊ သမ္မာတော်ရွာအနီး လယ်ကွင်းထဲမှာ အမည်မသိ အမျိုးသမီးအလောင်း တွေ့ရှိ

ဇွန်၊ ၁၈   မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မာတော်ရွာ အနီး လယ်ကွင်းထဲမှာ အမည်မသိ အမျိုးသမီးအလောင်း တလောင်း တွေ့ရှိခဲ့တယ်လို့ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအသင်း မှ တာဝန်ရှိသူတဦးက ပြောပါတယ်။   ဇွန်လ ၁၇ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထိုင်းမှာကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲ ကမ္ဘောဒီယားနိုင်ငံသာ တက်ရောက်မယ့်စာရင်းပေး

ဇွန်၊ ၁၈   ထိုင်းအိမ်စောင့်အစိုးရက ကမကထ ပြုလုပ်ကျင်းပမယ့် ဒုတိယအကြိမ် မြန်မာ့အရေး ဆွေးနွေးပွဲကို အရေးပါတဲ့ အာဆီယံနိုင်ငံတွေ မတက်ရောက်ကြဘဲ ကမ္ဘောဒီးယားနိုင်ငံသာ တက်ရောက်ဖို့ အတည်ပြုထားတယ်လို့ ဒီကနေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။   ဇွန်လ [ဆက်လက်ဖတ်ရှုရန်]