ဒေသအလိုက် သတင်းကဏ္ဍ

ကျက်ထိုးရဲကင်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအစုံအလင်နဲ့ အလင်းဝင်

မကွေးတိုင်း၊ ကမ္မမြို့နယ်၊ ကျက်ထိုးနယ်မြေ ရဲကင်းစခန်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတယ်လို့ မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေး တပ်ဦး – MVRF ထံ CDM ဝင်ရောက်လာတယ်လို့ သိရပါတယ်။ ကျက်ထိုး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ပြောတဲ့ သေဒဏ် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ ကုလဝေဖန်

ဒီမိုကရေစီရေးလှုပ်ရှားသူ ၂ ဦးကို အကြမ်းဖက်စစ်တပ်ရဲ့ ကွပ်မျက်မယ့်အစီအစဉ်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ ကုလအတွင်းရေးမှူးချုပ်ပြောခွင့်ရ Stephane Dujarric က ပြောကြားလိုက်ပါတယ်။ ဇွန် ၃ ရက်နေ့၊ ကုလရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုဝေဖန်လိုက်ပြီး သေဒဏ်အပြစ်ပေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့အောက်ဘက် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရွာတွေကို အကြမ်းဖက်တပ် စစ်ကြောင်းထိုး

စစ်ကိုင်းတိုင်း၊ ကနီမြို့အောက်ဘက် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဘေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကနီမြို့နယ်ထဲက ဖုန်းလိုင်းအားလုံးကို ဖြတ်တောက်ထားပြီး ဒီနေ့မနက် ၈ နာရီ လောက်က ကနီမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းမှာ ရပ်ထားသော အကြမ်းဖက်စစ်တပ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူမှာ အကြမ်းဖက်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊စစ်သားတွေ သေဆုံးနိုင်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သားတွေ သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ ဇွန် ၃ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ရွှေကူမြို့နယ်အတွင်း သင်္ဘောလုံခြုံရေးယူဖို့ မိုးစစ်ရွာကနေ ဆင်တပ်ရွာဘက် စစ်သား ၄၀ လောက်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“နန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် တိုက်ခိုက်မှာမို့ လကုန်မတိုင်မီ ပြည်သူနှင့်ပူးပေါင်းဖို့ ဖြူး PDF သတိပေး

“နန်းထိုက်အောင်စစ်ဆင်ရေး”အစိတ်အပိုင်းအဖြစ်စစ်အုပ်စုထောက်တိုင်တွေဖြစ်တဲ့ ရဲ၊ စစ်သား၊ ပျူစောထီးအပါအဝင် မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို တိုက်ခိုက်မှာဖြစ်လို့ လကုန်မတိုင်မီ ပြည်သူနဲ့ပူးပေါင်းဖို့ ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (LPDF Phyu) က ဒီနေ့ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ သတိပေးချက်ကို လိုက်နာမှုမရှိပါက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သားက ရဲတွေကို နိုင်ထက်စီးနင်းဆက်ဆံမှု အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာ

အကြမ်းဖက်စစ်သားတွေရဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် နိုင်ထက်စီးနင်းဆက်ဆံမှုဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာတယ်လို့ ရန်ကုန်တိုင်းအတွင်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက DNA ကိုပြောပါတယ်။ မေလ ၃၁ ရက်နေ့က မကွေးမြို့အမှတ် ၂ ရဲစခန်းထဲ စခန်းမှူးအောင်စိုးကို မကွေးလေတပ်က စစ်သားတစ်ဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာ၊ အိန္ဒိယ နယ်စပ်မှောင်ခိုဈေးကွက်မှာ စစ်တပ်ကို ပိုက်ဆံပေးပြီး ကုန်သွယ်နေရ

ကိုဗစ်ကပ်ရောဂါကြောင့် စစ်ကိုင်းတိုင်း ၊ တမူးမြို့ နနဖာလုံဈေးကို ၂ နှစ်နီးပါး ပိတ်ထားရတဲ့ အတွက် မြန်မာ – အိန္ဒိယ ကုန်စည်ကူးသန်းရေးမှာ မှောင်ခိုလမ်းကနေ စစ်သားနဲ့ ရဲကို ပိုက်ဆံပေးပြီး ဖြတ်နေရတယ်လို့ ဒေသခံ တဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းရှည်ဒေသ ကပစ၂၅ မှာ ခရီးသွားပြည်သူတစ်ဦးကို ညှင်းပန်းနှိပ်စက်ပြီး အလောင်းဖျောက်

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသရှိ ကပစ၂၅ စစ်ကြောရေးထဲမှာ ခရီးသွားပြည်သူတစ်ဦးကို ညှင်းပန်းသတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တယ်လို့ သိရပါတယ်။ ကပစ၂၅ က စစ်သားအင်အား ၆၀ လောက်ဟာ ဆောမြို့နယ်၊ ဆီမီးရွာကို မေလ ၃၁ ရက်နေ့က စစ်ကြောင်းထိုး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာ ပဒေသာမိုင်းစစ်ဆင်ရေး၄ကြိမ်ဆင်နွှဲ၊စစ်သား၅၀လောက်သေတယ်လို့ပြော

ကြေးနီတွေတင်ဆောင်လာပြီးလုံခြုံရေးလိုက်ပါလာတဲ့ ကား၅၅စီးပါ စစ်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊မြင်းမူ မြို့နယ်အတွင်း ပဒေသာမိုင်းစစ်ဆင်ရေး ၄ကြိမ်ဆောင်ရွက်ခဲ့ရာ စစ်သား၅၀လောက်သေဆုံးခဲ့တယ်လို့သိရ ပါတယ်။ ဇွန်လ၃ရက်နေ့ မနက်၁၁နာရီ၃၅မိနစ်လောက်က မုံရွာ-မန်းကားလမ်းမပေါ်ရှိ မြင်းမူမြို့နယ် ဂွေးပင်တောရွာနဲ့ ဘိုး မင်းကြီးကင်းရွာကြားမှာ ပဒေသာမိုင်း၄လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ယာဉ်တန်းရဲ့ ၄စီးမြောက်ကားကို ထိမှန်ခဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မှာ”စစ်ကျွန်ပညာရေး သပိတ်မှောက် ဖက်ဒရယ် ဆီကို ဦးတည်လျှောက်” စာသားကိုင် ဆွဲချီတက်

ဒီနေ့ဇွန်လ ၄ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာအတွင်း”စစ်ကျွန်ပညာရေး သပိတ်မှောက် ဖက်ဒရယ် ဆီကို ဦးတည်လျှောက်”စာသားကိုင်ဆွဲချီတက်ခဲ့ကြပါတယ်။ အဆိုပါသပိတ်စစ်ကြောင်းကို စုန်းချောင်းကျေးရွာနေပြည်သူတွေနဲ့အတူမုံရွာကျောင်းသားသမဂ္ဂ အဖွဲ့မှပူပေါင်း ပါဝင်အားဖြည့်ပြီး ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြတာပါ။ Photo-ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ