နိုင်ငံရေး

စစ်အာဏာရှင်စနစ်ဟာ ပဋိပက္ခပေါင်းစုံနဲ့ ပြိုကွဲလိုနီးနီးဖြစ်နေပြီလို့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ ပြော

ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် ချုပ်ကိုင်ခြယ်လှယ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာ ပဋိပက္ခပေါင်းစုံနဲ့ ပြိုကွဲလုနီးနီးဖြစ်နေပြီဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ပြောဆို လိုက်ပါတယ်။    ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ပဒေသရာဇ် စနစ်ဆိုး ဆန့်ကျင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG နဲ့ PNFC တို့ပူးပေါင်းပြီးငွေတိုက်စာချုပ်စတင်ရောင်းချ

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ PNFC တို့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် EOD ရှယ်ယာနဲ့ငွေတိုက်စာချုပ်တွေကို ပြည်တွင်းပြည်ပမှာ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းNUGက ဒီနေ့ဇွန်လ ၂၈ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။ စစ်အာဏာရှင်အပါအဝင်အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေးနဲ့ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေးကိုနည်းလမ်းပေါင်းစုံနဲ့တိုက်ပွဲဝင်နေကြတဲ့ပအိုဝ်းတော်လှန်ရေးအင်အားစုတွေကိုထောက်ပံနိုင်ဖို့အတွက်ငွေတိုက်စာချုပ်တွေကို ပြည်တွင်းပြည်ပကဝယ်ယူနိုင်အောင် စတင်ရောင်းချပေးနေပြီလို့ဆိုပါတယ်။ ပြည်တွင်းမှဝယ်ယူလိုသူတွေအတွက်https://www.facebook.com/Paonationalfederalcouncilpnfc လူမူကွန်ယက်စာမျက်နှာမှာဝယ်ယူနိုင်ပြီး နိုင်ငံတကာမှဝယ်ယူလိုသူတွေအတွက် https://www.facebook.com/GlobalPaOFamily [ဆက်လက်ဖတ်ရှုရန်]