နိုင်ငံရေး

ဟုမ္မလင်းက ပျူစောထီးတရာကျော် လက်နက်ချတယ်လို့ NUGအသိပေး

ဧပြီ၊ ၈ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းကပျူစောထီးရွာလေးရွာ ဒီကနေ့မနက်အစောပိုင်းကလက်နက်ချခဲ့ပြီး စုစုပေါင်း ပျူစောထီး ၁၂၀လောက်အညံ့ခံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ကထုတ်ပြန်အသိပေးပါတယ်။ ဟုမ္မလင်းမြို့နယ်တောင်ခြမ်းမှာရှိတဲ့ ကျွန်းကုန်းရွာမှာအခြေချနေတဲ့ ပျူစောထီးရွာလေးရွာ ပူးပေါင်းအင်အား ၁၂၀လောက်ကို ပြီးခဲ့တဲ့လကုန်ပိုင်းကစလို့ ဆယ်ရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက်အခုလိုလက်နက် ချအညံ့ခဲ့လာတာလို့ဖော်ပြထားပါတယ်။ ပျူစောထီးတွေလက်နက်ခဲ့အပြီး ကျွန်းကုန်းရွာတိုက်ပွဲကနေလက်နက်မျိုးစုံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နွေဦးဘဏ် ပထမဆုံးခြောက်လအတွင်း ဒေါ်လာသုံးသိန်းနီးပါး အမြတ်ရ၊ရှယ်ယာပိုင်ဆိုင်သူတွေကိုအမြတ်ဝေစုပြန်ခွဲပေးမယ်လို့အသိပေး

ဧပြီ ၊ ၆ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က ထူထောင်ထားတဲ့ နွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ် SDB Bank ရဲ့ ပထ မဆုံးခြောက်လအတွင်း အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး အမြတ်အစွန်းရခဲ့ တယ်လို့ အဲ့ဒီဘဏ်က ထုတ် ပြန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG ထုတ်ပြန် ဒရုန်းတွေဝင်ရောက်လာလို့ ပစ်ချခဲ့တယ်လို့ စစ်ကောင်စီဆို

ဧပြီ ၊ ၄  စစ်ကောင်စီရုံးစိုက်ထားတဲ့ နေပြည်တော်ရှိ စစ်ရုံးချုပ်(ကက-ကြည်း) နဲ့ အေလာလေတပ်တွေကို ဒရုန်း တွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတွေရှိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာန ရဲ့ စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တော်လှန်ရေးအင်အားစုတွေ လူထုမျက်နှာငဲ့ဖို့ NUG ယာယီသမ္မတပြော

မတ်၊ ၂၆   မြန်မာပြည်သူတွေဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့ လူထုဖြစ်တာကြောင့် တော်လှန်ရေးအင်အားစု အားလုံးအနေနဲ့ လူထုမျက်နှာကိုငဲ့ပြီး စစ်ကောင်စီပြိုလဲချိန်အထိ ဝိုင်းဝန်းကြိုးစားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကတိုက်တွန်းလိုက်ပါတယ်။   “တော်လှန်ရေးသုံးနှစ်တာ ကာလအတွင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်မှုထမ်းဂယက်ကြောင့် တိမ်းရှောင်လာသူတွေ ခိုလှုံနိုင်ရေး ဆောင်ရွက်ပေးဖို့ NUCC နဲ့ NUG ကို ကျောင်းသားအဖွဲ့တွေတိုက်တွန်း

မတ် ၊ ၂၃  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့အနေနဲ့ စစ်မှု ထမ်းဥပဒေကြောင့် တိမ်းရှောင်ကြမယ့် ပြည်သူတွေကို လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ အခြေစိုက်ရာ ဒေသတွေနဲ့ လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံလို့ရအောင် ညှိနှိုင်းဆောင်ရွက်ပေးကြဖို့ ကျောင်းသားတော်လှန် ရေးအင်အားစုနှစ်ခုက တိုက်တွန်းလိုက်ပါတယ်။  ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်)နဲ့ ကျောင်းသားလက်ရုံးတ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တကောင်းမြို့အနီးတိုက်ပွဲမှာ စစ်အုပ်စုအထိနာ၊ လက်နက်ငယ်နှစ်ဆယ်နီးပါးရတယ်လို့ PDF ဆို

မတ်၊ ၁၂ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးမှာ အခုလ ၅ရက်ကနေ ၇ရက်အထိ သုံးရက်ကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်ကအထိနာကာ လက်နက်ငယ် ၁၈လက်၊ကျည်မျိုးစုံ လေးထောင်ကျော် အပါ  အ ဝင် ခဲယမ်းတချို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကောလင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေ

ဖေဖော်ဝါရီ၊ ၁၆   ကောလင်းမြို့ပေါ်နေရာအများစုကို ထိန်းချုပ်ထားနိုင်တဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မှာ မြို့အနီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး စိုးမိုးနယ်မြေချဲ့ထွင်ဖို့ကြိုးစားလာတာကြောင့် တော်လှန်ရေးပူးပေါင်တပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။   “ဒီနေ့မနက်ဆို မြို့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရာမှာပါဝင်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ NUG ဆို

ဖေဖော်ဝါရီ၊ ၁၃ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတင်းအကျပ်အသက်သွင်းပြီး  အကောင်အထည်ဖော်ရာမှာ အထောက်အကူ ပြုတဲ့ လူပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ကို ထိရောက်ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်မယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ထုတ်ပြန်ပါတယ်။ အဲ့ဒီဥပဒေကို အကောင်အထည်ဖော်ရာမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

K3Cနဲ့ NUG တို့ရဲ့ တော်လှန်ရေး ဘုံသဘောတူညီချက် ဝေဖန်ကန့်ကွက်ခံရ

ဖေဖော်ဝါရီ၊ ၇ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ K3C လို့ ခေါ်တဲ့ KNU၊ KNPP၊ CNF တို့ပူးတွဲထုတ်ပြန်ထားတဲ့ တော်လှန်ရေး ဆိုင်ရာ ဘုံသဘောတူညီချက်တွေကို အခြေခံနဲ့အဆင့်မြင့်ပညာရေးအထွေထွေသပိတ်ကော်မတီက ကန့်ကွက်လိုက် ပါတယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာဘုံသဘော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံတကာ နိုင်ငံရေးမှာအစွန်းမထွက်ဖို့ NUG ယာယီသမ္မတသတိပေး

ဇန်နဝါရီ၊ ၁၆ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒေသတွင်းနိုင်ငံကြီးတွေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား မူဝါဒခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ဖို့လိုပြီး နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံပေါ်မှာအစွန်းမထွက်ဖို့လိုကြောင်း NUG ယာယီ သမ္မတ ဒူဝါလရှီးလကသတိပေးပြောဆိုပါတယ်။ “ကျွန်တော်တို့ဟာ ဒေသတွင်း နိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲဖြစ်လို့လည်း မရသလို ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ နောက်လိုက်လည်း [ဆက်လက်ဖတ်ရှုရန်]