မတ်၊ ၃၁ ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ် ၄ ရပ်ကွက်၊ကွမ်းခြံကုန်း ၅ လမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့မြို့နယ်ရုံးခန်းဆိုင်းဘုတ်စစ်ကောင်စီတပ်ဖွဲ့တွေကအရပ်ဝတ်တွေနဲ့လာရောက်ဖြုတ်ယူသွားတယ်လို့ NLD ပါတီတာဝန်ရှိသူတဦးကပြောပါတယ်။ “ဒီနေ့နေ့လည်မှာပဲကယန်းပြည်သစ်ရဲ့ဆိုင်းပုဒ်ဖြုတ်သွားတယ်။အဲ့ဒါပြီးတော့ကမာရွတ်၊၄ရပ်ကွက်၊ကွမ်းခြံကုန်းငါးလမ်းမှာရှိတဲ့မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဆိုင်းဘုတ်ကိုဖြုတ်ခိုးသွားတယ်။အထဲအထိဝင်တာတော့မရှိဘူး။နေ့လည်ခင်းကြီးကိုဗျောင်ကျကျလှေကားတွေထောင်ပြီးကားတွေနဲ့ဖြုတ်ခိုးသွားတာ။သူတို့ရဲ့ဆိုက်ကိုအရအနီရောင်မြင်ရင်ကိုကြောက်ပြီးနေ့လည်ကြောင်တောင်လာခိုးသွားတာ”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက DNA ကိုပြောပါတယ်။ ဒါဟာ စစ်ကောင်စီက NLD [ဆက်လက်ဖတ်ရှုရန်]