ဒေသအလိုက် သတင်းကဏ္ဍ

ဝှေခါရွာရှိ စစ်ကောင်စီတပ်စခန်းကို ၁၅ ရက်ကြာတိုက်ခိုက်ပြီး KIA သိမ်းပိုက်

ဇန်နဝါရီ၊ ၂၀ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေပေါတဲ့ ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းတခုကို တော်လှန်ရေးအင်အားစုတွေက ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ဒေသခံတွေထံက သိရပါတယ်။ “ စစ်ကောင်စီရဲ့ ၄၀၂ တပ်စခန်းကို ကေအိုင်အေနဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းလိုက်ပြီ။ မနက်ကတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးမိတ်မှာ မြို့တွင်းအထိ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်းရှိ

ဇန်နဝါရီ၊ ၁၉   ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေကြား မနေ့မနက်ပိုင်းကစလို့ ဒီကနေ့ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နမ့်ဖတ်ကာမှာ တိုက်ပွဲဆက်ဖြစ်နေ၊ ခလရ ၁၂၃ ကို KIA မသိမ်းနိုင်သေး

ဇန်နဝါရီ ၊ ၁၈ မူဆယ်-လားရှိူး ကားလမ်းမပေါ်မှာရှိတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတုန်းပဲလို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ နမ့်ဖတ်ကာရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) ၁၂၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စခန်းသိမ်းခံရပြီးနောက် ဗုံးလာကြဲတဲ့ လေယာဉ်ကို KIA ပစ်ချ

ဇန်နဝါရီ၊ ၁၆   ခြေလျင်တပ်ရင်း တခုလုံး သိမ်းပိုက်ခံထားရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ရွာဘက်ကို ဗုံးလာကြဲတဲ့ စစ်ကောင်စီတပ် တိုက်လေယာဉ်တစီးကို ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပစ်ချနိုင်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူမြို့အနီးက စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

အောက်တိုဘာ၊ ၁၈ ကချင်ပြည်နယ် ရွှေကူမြို့အနီးက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဒီကနေ မနက် ၄ နာရီလောက်မှာ  တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ခဲယမ်း အများ အ ပြားရရှိခဲ့တယ်လို့ ရွှေကူမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

Fact Check

Triple Threat ရုပ်ရှင်ဇါတ်ဝင်ခန်းကိုအသုံးပြုပြီး KIA -KPDF အများအပြား သေဆုံးနေဆိုတဲ့သတင်းမှား

စက်တင်ဘာ၊ ၂၄ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ကချင်ပြည်သူ့ကာကွယ်ရေး(KPDF) တပ်သားတွေအများအပြားသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ရက်စာမျက်နှာ ပျံ့နှံ့နေပါတယ်။ စစ်ကောင်စီဲရဲ့ ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေ ချန်နယ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂၊ ၅နာရီဝန်းကျင်လောက်မှာ စတင်ဖြန့်ဝေခဲ့တာပါ။ တကယ်တော့ အဲ့ဒီ့ပုံက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပူတာအိုမှာ PDF ဖမ်းဆီးတဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူ ခုနှစ်ဦးမှာ စစ်ကောင်စီဝန်ထမ်း နှစ်ဦး ပါဝင်နေ

စက်တင်ဘာ၊ ၁၄   ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း အဓိက မူးယစ်ဆေးဝါးဖြန့်ဖြူးနေတဲ့ မူးယစ်ဂိုဏ်းကို ဖမ်းဆီးရာမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦးနဲ့ ဆောက်လုပ်ရေးဝန်ထမ်းတဦး အပါအဝင် ခုနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ပူတာအို PDF အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တကျော့ပြန်စစ်ပွဲတွေကြောင့် နေရပ်ပြန်နမ်ဆန်ယန်စစ်ရှောင်တွေ ထပ်ပြီးထွက်ပြေးနေရ၊ စစ်ကောင်စီဘက်က တပ်ဆုတ်တာမရှိရင် တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း KIA ပြော

ဇူလိုင်၊ ၆   ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာရှိတဲ့ နမ်ဆန်ယန် ကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ် (KIA)နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေလို့ ဒေသခံတွေထပ်ပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချူပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးမိတ်မြို့နယ် ကျောက်မောရဲစခန်း တိုက်ခိုက်ခံရ၊ ရဲနှစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရ

မေ၊ ၂၅   ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောနယ်မြေ ရဲစခန်းကို မနေ့က မနက်ပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရကာ လက်နက်တချို့လည်း သိမ်းဆည်းခံလိုက်ရတယ်လို့ အဲဒီအနီးနားမှာနေထိုင်တဲ့ ဒေသခံတဦးက DNA ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖားကန့်မှာ နှစ်ရက်အတွင်း သေနတ်ဒဏ်ရာနဲ့အမျိုးသားအလောင်း လေးလောင်းတွေ့

မေ၊ ၆   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ သေနတ်နဲ့ပစ်သတ်ခံရတဲ့ အမျိုးသားအလောင်းတွေ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တွေ့ရပြီး နှစ်ရက်အတွင်း ရုပ်အလောင်းလေးလောင်းအထိ သတ်ဖြတ်စွန့်ပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။   ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအဝင် လမ်းမဘေးမှာ [ဆက်လက်ဖတ်ရှုရန်]