ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်စခန်းကို စစ်ကောင်စီက မနေ့က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာဟာ ချင်း လူမျိုးတွေရဲ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုတဲ့ သန္နိဌာန်နဲ့ နာကြည်းမှုကို ပိုမိုအားသစ်လောင်းပေးရာ ရောက်တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ချင်းလူမျိုးတွေအနေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေကို ဆက်လက်တွန်းလှန်ခုခံသွားမယ်လို့ ICNCC က CNF ဌာနချုပ် တိုက်ခိုက်ခံရတဲ့ မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းပြည်နယ်ထန်တလန်မြို့နယ်ထဲမှာ ရှိတဲ့ ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ် ဝိ တိုရိယစခန်းကို…
Read More