G&Bစက်ရုံက အလုပ်သမားတွေကို ဆယ်ရက်စာလုပ်ခပေးပြီး တစ်လစက်ရုံပိတ်ဖို့အသံလွှင့်

G&Bစက်ရုံက အလုပ်သမားတွေကို ဆယ်ရက်စာလုပ်ခပေးပြီး တစ်လစက်ရုံပိတ်ဖို့အသံလွှင့်

ရွှေပြည်သာမြို့နယ်၊ G&Bအထည်ချုပ်စက်ရုံက အ လုပ်သမားတွေကို ဆယ်ရက်စာလုပ်အားခပေးပြီးတလစက်ရုံပိတ်ဖို့ပြောလာတယ်လို့အဲဒီစက်ရုံအလုပ်သမားတွေဆီကသိရပါတယ်။ အဲ့ဒီစက်ရုံကိုအခုလတတိယပတ်ကနေ နောက်လအထိပိတ်ဖို့အသိပေးလာတာဖြစ်ပြီး စက်ရုံဘက်က ပိတ်ထားမယ့်တလစာအတွက် လုပ်အားခ ဆယ်ရက်စာသာပေးမယ်ဆိုတာကြောင့် အလုပ်သမားတွေက မကျေမနပ်ဖြစ်နေကြတာပါ။ စက်ရုံက စူပါတစ်ဦးကို ရာထူးလျှော့၊ ဌာနပြောင်းတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အဲ့ဒီအလုပ်သမားနဲ့ စက်ရုံအငြင်းပွားနေတာကိုဖြေရှင်းဖို့အတွက် အခုလ (၂၁) ရက်မှာ စက်ရုံစပိတ်မယ့်အကြောင်း အလုပ်သမားတွေကိုအသိပေးလာတာဖြစ်တယ်လို့ဆိုပါတယ်။ “အငြင်းပွားမှုဖြစ်ရုံနဲ့တစ်ရုံလုံးကိုပိတ်ထားမယ်ဆိုတာကတော့သိပ်ယုတ္တိမရှိဘူး၊အလုပ်သမားအများစုက ပိတ်မှာကိုမလိုလားသလို ဆယ်ရက်စာပေးမှာကိုလည်းသဘောမကျဘူး”လို့ အဲဒီစက်ရုံအလုပ်သ မားတဦးကပြောပါတယ်။ အငြင်းပွားမှုဖြေရှင်းဖို့ စက်ရုံပိတ်မယ်လို့ စက်ရုံတာဝန်ရှိသူတွေကအသံလွှင့်ထားပေမယ့် အဲ့ဒီအငြင်းပွားမှုကလည်း အလုပ်သမားနဲ့စက်ရုံကြားညှိနှိုင်းသဘောတူညီမှုရထားတယ်လို့သိရတဲ့အ တွက်…

Read More