ဒါဖာဒေသ ပဋိပက္ခသစ်တွေကြောင့် လူတစ်သောင်းခွဲခန့် နေရပ်ရွှေ့ပြောင်းကြရ

ဒါဖာဒေသ ပဋိပက္ခသစ်တွေကြောင့် လူတစ်သောင်းခွဲခန့် နေရပ်ရွှေ့ပြောင်းကြရ

ဆူဒန်ဒေသမှာ ထပ်မံပေါ်ပေါက်လာတဲ့ မျိုးနွယ်စုတွေအကြား ပဋိပက္ခကြောင့် အိမ်နီးချင်း ချက်ဒ်နိုင်ငံကို ဒါဖာဒေသခံ ထောင်သောင်းချီပြီး ရွှေ့ပြောင်းနေရပါတယ်။ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပြီး လူတစ်သောင်းခွဲလောက် နေရပ်ရွှေ့ပြောင်းခဲ့ရတာလို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ မြို့တော် အယ်လ် ဂျနိုင်နာအနီးရှိ မာဆာလစ်မျိုးနွယ်နဲ့ အာရပ်နော်မက်ဒ်အုပ်စုတွေထဲက လူနှစ်ဦးကြား ပုဂ္ဂလိက မကြေလည်မှုတွေကနေ ပဋိပက္ခသစ်စတင်ခဲ့တာပါ။ လက်နက်ကိုင် အာရပ် နော်မက်ဒ်အုပ်စုတွေက ဒေသဈေးတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရွာရဲ့ တစ်စိတ်တစ်ပိုင်းကို မီးရှို့ခဲ့ကြရာက ကလေးငယ် နှစ်ဦးအပါအဝင် လူကိုးဦး…

Read More