နိုင်ငံရေး

ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို အချည်းနှီးမဖြစ်စေရေး ဆက်လက် ထိန်းသိမ်းသွားမယ်လို့ CRPH ပြော

နိုဝင်ဘာ၊ ၈   ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ရွေးကောက်ပွဲတွေကနေ ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို အချည်းနှီး မဖြစ်စေရေး ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ထုတ်ပြန်ပြောဆိုပါတယ်။   ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (၃) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ NUG နဲ့ CRPHတိုက်တွန်း

အောက်တိုဘာ၊ ၁၀ အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထား တိုက်ခိုက် နေပြီး ဒီအခြေအနေကိုရပ်တန့်နိုင်ဖို့အတွက် ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့လိုတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကထုတ်ပြန်ပါတယ်။  “စစ်ရေးပစ်မှတ်မဟုတ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာ ရပ်တန့်ဖို့ အိန္ဒိယကို CRPH တိုက်တွန်း

ဇွန်၊​၂၈ အိန္ဒိယနိုင်ငံအနေနဲ့အာဏာသိမ်းစစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေမှုတွေကို ရပ်တန့်ဖို့ကိုယ်တိုင်ဖြစ်စေ၊ အမေရိကန်နဲ့ ပူးပေါင်းပြီး ဖြစ်စေ စစ်ကောင်စီအပေါ် အဘက်ဘက်က ပိတ်ဆို့ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ CRPH က တိုက်တွန်းပါတယ်။  ဇွန်လ ၂၂ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက် ရွေးကောက်ခံကိုယ်စားလှယ် (၁၃၀)ဝန်းကျင် ဖမ်းဆီးခံရ၊ (၁၆)ဦးသေဆုံးခဲ့တယ်လို့ CRPH ပြော

မေ၊ ၂၀   အာဏာသိမ်းချိန်ကစလို့ ဒီကနေ့အထိ ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ် (၁၃၀)ဝန်းကျင် ဖမ်းဆီးခံခဲ့ရသလို (၁၆)ဦး သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ထုတ်ပြန်ပါတယ်။   ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက (၁၆)ဦးဟာ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အွန်လိုင်းစာသင်ကျောင်းအချက်အလက်ပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး NUG စုံစမ်းနေပြီး အလားတူကိစ္စတွေထပ်မဖြစ်အောင် ဥပဒေတွေပြင်ဆင်နေ

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ ကြားကာလအွန်လိုင်းစာသင်ကျောင်းမှာ ကျောင်းအပ်နှံထားတဲ့ ကျောင်းသားနဲ့ကျောင်းသားမိဘတွေရဲ့အချက်အလက်တွေ  ပေါက်ကြားသွားတဲ့အကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တွေက ဖေဖော်ဝါရီ ၂၁ ညပိုင်းကစပြီး ဖြန့်ချီလာပါတယ်။ အခုလို အွန်လိုင်းစာသင်ကျောင်းက အချက်အလက်တွေပေါက်ကြားတာဟာ အဖွဲ့အစည်းမှာ စစ်ကောင်စီဘက်ကပါဝင်ပတ်သက်သူတွေ ပါဝင်နေတာကြောင့်ဖြစ်နိုင်သလို စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီမှုတခုလည်း ဖြစ်နိုင်တယ်လို့ NUG ပြောခွင့်ရ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းတိုင်းအတွင်းပညာသင်ကြားခွင့်မရတဲ့ကလေးငယ်ဦးရေတိုးပွားနေ

စစ်ကိုင်းတိုင်းအတွင်းစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်လာတာနဲ့အမျှပညာသင်ကြားခွင့်မရတဲ့ကလေးသူငယ်ဦးရေဟာလည်းတိုးပွားလာနေတယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောပါတယ်။ “NUGကဖွင့်ထားတဲ့ကျောင်းတွေကပီဒီအက်စိုးမိုးထားတဲ့နေရာတွေမှာတော့ကောင်းကောင်းကြီးလည်ပတ်နိုင်တယ်၊ဒါပေမယ့်တချို့ရွာတွေကသုံးရွာ ပေါင်းမှတကျောင်းလောက်၊အဲ့တာတောင်မူလတန်းနဲ့မူလတန်းလွန်ပေါ့၊အထက်တန်းကနည်းတယ်၊ လိုင်းတွေကလဲမကောင်းတော့မြို့ပေါ်တွေလိုအွန်လိုင်းလဲမတတ်နိုင်ဘူး၊ပြီးတော့စစ်ကြောင်းထိုးတဲ့အခါတွေဆိုပြေးလို့ရတာရောမရတာရောလက်ယက်ကုန်းကိစ္စလဲအဲ့လိုဖြစ်ခဲ့တာပဲလေ”လို့ စစ်ကိုင်းတိုင်း အတွင်းက CDM ကျောင်းဆရာတဦးက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို လက်မခံဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေကို နိုင်ငံတဝန်းက အရွယ်စုံကျောင်းသားတွေ မတက်ဘဲ သပိတ်မှောက်တာတွေ လည်းရှိနေပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုမှုတွေအရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိရောက်တဲ့ အကူအညီအချိန်မီပေးဖို့ CRPH က နိုင်ငံတကာကို တောင်းဆို

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကိုကာကွယ်တားဆီးနိုင်အောင် ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေကို အချိန်မီပေးဖို့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ပြည်ထောင်စုလွှတ် တော်ကိုယ် စားပြု ကော်မတီ(CRPH)က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ စက်တင်ဘာ(၁၅)ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အတွက်CRPH ရဲ့ ထုတ်ပြန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၁၉၈၂ နိုင်ငံသားဥပဒေကို CRPH ပြင်ဆင်၊ ဖျက်သိမ်းမယ်

အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒတွေအပါအဝင် လူမျိုးရေး ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့နဲ့ ဖျက်ရန်သိမ်းဖို့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က လုပ်ဆောင်သွားမယ်လို့ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ဇူလိုင်လ ၉ ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ်နဲ့ CRPH ဆွေးနွေး

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကုလအထူးကိုယ်စားလှယ်နဲ့ CRPH ဥက္ကဋ္ဌနဲ့အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မေ၃ရက်နေ့မှာ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာ နဲ့ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့အဖွဲ့တို့ ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း CRPH ကသတင်းထုတ်ပြန်တာပါ။ အဲဒီတွေ့ဆုံမှုမှာ စစ်ဘေးရှောင်ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CRPH ကို မြန်မာကိုယ်စားပြုအဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့ ဆုံးဖြတ်

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့အဖြစ် ဆက်လက်ထားရှိမယ်လို့ ၂၀၉ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များအဖွဲ့ က ဆုံးဖြတ်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၂၀၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ အုပ်ချုပ်မှု ကောင်စီက ဆုံးဖြတ်ခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]